Chuando Tan ဆိုတဲ့ စင်ကာပူနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးဟာ ၁၉၆၇ ခုနှစ်မှာ မွေးပြီး အခုဆိုရင် အသက် ၅၁ နှစ်ရှိပါပြီ။ သူ့ရဲ့ ငယ်ရွယ်နုပျိုခြင်း လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားတယ်

ငယ်ရွယ်နုပျိုပြီး ကျန်းမာနေဖို့ဆိုတာ အစားအသောက်ပေါ်မှာ ၇၀ ရာခိုင်နှုန်း မူတည်ပြီး လေ့ကျင့်ခန်းပေါ်မှာ ၃၀ ရာခိုင်နှုန်းမူတည်တယ်လို့ Tan က ယုံကြည်ပါတယ်။ မနက်တိုင်းမှာ Tan က ကြက်ဥပြုတ် ၆ လုံးထဲမှာမှ အကာကို အကုန်စားပြီး ကြက်ဥအနှစ်ကိုတော့ ကိုလက်စထရောတက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ၂ လုံးပဲစားပါတယ်။ ပြီးရင် နွားနို့တစ်ခွက်သောက်ပါတယ်။ တစ်ခါတစ်ရံမှာ ထောပတ်သီးနဲ့ ဘယ်ရီသီးတွေပါ မနက်စာအဖြစ်စားသုံးပေးပါတယ်။ နေ့လည်စာကိုတော့ ထမင်းကို ကြက်သား၊ ဟင်းသီးဟင်းရွက်၊ ငါးစွပ်ပြုတ်နဲ့ စားပါပြီး ညစာကိုတော့ ဟင်းရွက်သုပ်စားလေ့ရှိပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်ကို လုံးဝမသောက်ပဲ ရေကိုသာများများသောက်ပါတယ်။ သူက ဆေးလိပ်လည်း မသောက်၊ အရက်လည်း ရှောင်ကြဉ်ပါတယ်။

တစ်နေ့ကို မိနစ် ၉၀ ခန့် အားကစားပြုလုပ်တယ်

Tan က ဒူးခေါင်းက ဒဏ်ရာကြောင့် မပြေးနိုင်တဲ့အတွက်ကြောင့် ပြေးစက်ပေါ်မှာပဲ လမ်းခပ်မြန်မြန်လျှောက်ပါတယ်။ ပြီးရင် မိနစ် ၃၀ ခန့် ကြွက်သားလေ့ကျင့်ခန်းကို ပြုလုပ်ပါတယ်။ တစ်ပတ်ကို လေးကြိမ်၊ အလုပ်များရင်တော့ သုံးကြိမ်ပဲ လေ့ကျင့်ခန်းပြုလုပ်ပါတယ်။ ဒါ့အပြင် ညနေတိုင်းမှာ တစ်နာရီခန့် ရေကူးပါတယ်။

အသားအရည်ထိန်သိမ်းဖို့အတွက် အလှကုန်ပစ္စည်းများ မသုံးပါဘူး

သူ့အသားအရည်က ဓာတုပစ္စည်းတွေနဲ့ မတည့်တာကြောင့် ဘယ်အလှကုန်ပစ္စည်းမှ သုံးလို့ မရပါဘူး။ တချို့လူတွေက သူ့ကို ပလစ်စတစ်ဆာဂျရီလုပ်ထားတယ်ဆိုပြီး စွပ်စွဲကြပါတယ်။ ဒါပေမဲ့ အသားအရည်နဲ့ ပတ်သတ်ပြီး Tan ပြုလုပ်တာကတော့ ဂျယ်မျက်နှာသစ်ဆေးရယ် ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်ကိုပဲ အသုံးပြုပါတယ်။

ညနက်မှ ရေမချိုးဘူး

Tan က ည ဆယ့်တစ်နာရီနောက်ပိုင်းမှ အိပ်ရာဝင်တဲ့အကျင့်ဆိုးမရှိအောင် ကြိုးစားပါတယ်။ ညသန်းခေါင်ကျော်မှ ရုပ်ရှင်ကြည့်ခြင်း၊ ညနက်တဲ့အထိ အလုပ်လုပ်ခြင်းက ကျန်းမာရေးအတွက်ရော အသားအရည်ကျန်းမာရေးအတွက်ပါ ထိခိုက်နိုင်ပါတယ်။ ကောင်းကောင်းအိပ်စက်အနားယူနိုင်ဖို့အတွက် မအိပ်ခင် ၅ နာရီ ၆ နာရီအလိုကတည်းက ဘာအစာမှ မစားတော့ဘူးလို့ Tan က ပြောပါတယ်။ စာဖတ်သူတွေရော ကိုယ့်အသက်ထက် ပိုငယ်တဲ့ပုံမပေါက်ချင်ကြဘူးလား။

Source: Brightside.me