တစ်နေ့တခြား ပိုလှလာပြီး ပိုထက်မြက်လာတဲ့ အမျိုးသမီးတွေထဲမှာ Kylie Jenner လည်း ပါဝင်ပါတယ်။ Kylie Jenner ရဲ့ Transformation ပုံရိပ်တွေက တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ ပါးစပ်ဟောင်းကာ အံ့ဩရတဲ့ အထိ သူမက ပြောင်းလဲနိုင်ပါတယ်​။ Kylie က အစားအသောက် နဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ပုံမှန် ဂရုစိုက်သူ ဖြစ်ပါတယ်။

Kylie က သမီးလေး Stormi ကို မွေးဖွားပြီးနောက်မှာ သူမရဲ့ ကိုယ်အလေးချိန်က သိသာစွာ အပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ ဖြေထားပါတယ်။ သူမက ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ထုံးစံအတိုင်း ပေါင် ၄၀ ဝန်းကျင် တက်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ သူမက လက်ရှိမှာတော့ အရင် Hourglass Figure ကို ပြန်လည်ပိုင်ဆိုင်နေပါပြီ။ ဒီတစ်ခေါက်မှာတော့ ပြည့်စုံတဲ့ ကောက်ကြောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ Kylie Jenner ရဲ့ ဖက်ရှင်တွေကို ဖော်ပြလိုက်ပါတယ်။

အညိုရောင်နဲ့ စမတ်ကျကျလှနေတဲ့ Kylie Jenner

သူမက Hourglass Figure ကို ပြသတဲ့အနေနဲ့ Crop Top တွေကို ဝတ်လေ့ရှိပါတယ်။

All black အနက်ရောင် ဝတ်စုံနဲ့လည်း သူမက အထာကျဆဲပါပဲ

အင်္ကျီလက်ရှည် Crop Top နဲ့ Kylie

သင် အရင်က Save ခဲ့ဖူးတဲ့ Body Goal တွေထဲမှာ Kylie ရဲ့ ဒီပုံလေးလည်း ပါဝင်နေနိုင်ပါတယ်။

ကောက်ကြောင်းကို အပြည့်ဖော်ပြနိုင်တဲ့ အနက်ရောင် ကိုယ်ကျပ် Dress

အပြာရောင် Boots အရှည်နဲ့ သွယ်လျတဲ့ ဖက်ရှင်

Hourglass ခန္ဓာကိုယ် ပိုင်ရှင် ပျိုမေတွေ Try ကြည့်သင့်တဲ့ ဆွဲဆောင်မှုရှိတဲ့ ဝတ်ဆင်မှု

Kylie က Tank Top အဖြူတွေကို ပုံစံ အမျိုးမျိုး ပြောင်းဝတ်တတ်ပါတယ်။

ကောက်ကြောင်းပေါ်တဲ့ ဂျင်းပြာဖက်ရှင်

အထာကျကျ Hip Hop vibe ကို ပေးစွမ်းနိုင်တဲ့ Kylie ရဲ့ ဝတ်ဆင်ပုံ

Kylie Jenner is more than sexy နော်

အနက်ရောင်ကို အထာကျစွာ ဝတ်တတ်တဲ့ Kylie Jenner

ဆွဲဆောင်မှုရှိတဲ့ ဂါဝန်မျိုးတွေက Hourglass ခန္ဓာကိုယ် ပိုင်ရှင်တွေနဲ့ အသင့်တော်ဆုံးပါပဲ

Photo Source: Pinterest

By MyStyle Myanmar