ပန်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် အသားဆောင်ပြီး အရမ်းလှတဲ့ hot pink လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Hot pink က အရောင်ရင့်ပြီးစိုပေမယ့် အသားဆောင်တာကြောင့် တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။
ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်စပ်ထားတာနဲ့ ဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။
ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအတို၊ အရှည် အားလုံးနဲ့လိုက်ဖက်ပြီး အရမ်းလည်းလှပါတယ်။
Hot pink နဲ့ အနီကိုစပ်ပြီး ပုံဖော်ထားတာ အရမ်းလှပါတယ်။ ပန်းရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။
ပန်းစည်ရောင်လို အရောင်လေးကို အဖြူနဲ့အနက်စပ်ပြီး ပုံဖော်ထားတာ fancy ဆန်ပြီးလှပါတယ်။
ပုံဖော်တာသိပ်မကြိုက်ရင် ဒီလိုအရောင်လေးတွေ စပ်ဆိုးကြည့်ပါ။ အရမ်းလှပါတယ်။ လက်သည်းအတို၊ အရှည် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။
Matte type လေးဆိုးပြီး ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။
ဖဲပြားကပ်တာလေးတွေကြိုက်တယ်၊ ပန်းရောင်လည်းကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။
ဒီလက်သည်းဒီဇိုင်းလေးကျတော့ လုံးဝကို cute type လေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးတော့လိုက်ပါတယ်။
ဒီလက်သည်းဒီဇိုင်းဆိုရင် ကလေးမဆန်ပဲလှတာကြောင့် လူကြီးလူငယ် အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။
Hot pink ကို အဖြူလေးနဲ့စပ်ပြီး ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအရှည်မထားပေမယ့် ပုံဖော်ချင်တယ်ဆိုရင် ဒီလိုလက်သည်းဒီဇိုင်းလေးတွေကိုသာ ရွေးချယ်ပါ။
လက်သည်းအရှည်ကြီးကို ပုံဖော်မယ်ဆိုရင် အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ ဒီလိုလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။
Photo source:www.pinterest.com