မင်္ဂလာပါပျိုမေတို့ရေ။ များသောအားဖြင့် နွေရာသီလို ပူနွေးတဲ့ရာသီတွေက လိမ္မော်ရောင်နဲ့ နီညိုရောင်ဘက်သွားတဲ့ Warm Color မိတ်ကပ်လေးတွေ၊ နေရောင်ထဲမှာ သဘာဝဆန်ဆန် Glow နေစေမယ့် မိတ်ကပ်ပါးပါးလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်နော်။ ဒီတစ်ခေါက်မှာ နေပူပြင်းတဲ့ရာသီအတွက်လည်း နေ့စဉ်လိမ်းခြယ်ဖို့ သင့်တော်ပြီး မိတ်ကပ်မလိမ်းထားသလို သဘာဝဆန်ဆန်နဲ့ ပေ့ါပေါ့ပါးပါးလေး Glow စေမယ့် Summer Makeup Look ပြင်ဆင်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ၁၀ မိနစ်လောက်အချိန်ပေးရုံနဲ့ ပြည့်စုံသွားစေမယ့် Look လေးဖြစ်တာမို့ ရာသီဥတုပူပူမှာ မိတ်ကပ်အကြာကြီးမလိမ်းချင်သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။
ပထမဆုံး လိမ်းနေကျ Skincare တွေဖြစ်တဲ့ Toner ၊ Moisturizer နဲ့ Sunscreen တွေ လိမ်းပြီးတဲ့အခါ Primer တစ်ခုခံလိမ်းပေးလိုက်ပါ။
ပြီးရင် Foundation အတွက် အရမ်းမဖြူမဝင်းတဲ့ Light Medium ကာလာလေးသုံးပြီး Cushion လိမ်းတဲ့ဖော့နဲ့ ခပ်ပါးပါးပုတ်ပြီးလိမ်းပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ အမဲစက်နဲ့အသားအရောင်မညီတဲ့နေရာတွေအတွက် Concealer ကို မိတ်ကပ်ထူမသွားအောင် သင့်လက်ချောင်းထိပ်လေးနဲ့ နည်းနည်းချင်းယူပြီး ဖြည့်ပေးလိုက်ပါ။
ပြီးတဲ့အခါ မိတ်ကပ်နေရာတကျဖြစ်ပြီး ကြာရှည်ခံဖို့ အဆီပြန်လွယ်တဲ့ မျက်နှာရဲ့ T Zone နေရာတွေမှာ Setting Powder အနည်းငယ်လိမ်းပေးရမှာဖြစ်ပါတယ်။
ပါးနီအတွက် Peach နဲ့နီညိုရောင်သမ်းတဲ့ အရောင်လေးတွေသုံးပေးသင့်ပြီး မျက်နှာထောင့်နဲ့ နှာတံအတွက် အညိုရောင်အရင့်ပါးနီလေးနဲ့ Contour လုပ်နိုင်ပါတယ်။
မျက်ခုံးအတွက် ခဲညိုရောင် ဆွဲတံနဲ့ ပြေပြေလေးပုံဖော်ကာဆိုးပေးပြီး မျက်ခုံးရှေ့ဘက်ကို Brow Gel သုံးကာ အနည်းငယ် အပေါ်ထောင်ပြီးဆွဲပေးရပါမယ်။ Brow Gel က မျက်ခုံးနေရာမရွေ့ဘဲ အချိန်အတော်ကြာပုံကျနေစေဖို့ ကူညီပေးနိုင်ပါတယ်။
Eyeshadow ကာလာကို မျက်လုံးရှေ့ပိုင်းအတွက် နီညိုရောင်အဖျော့နဲ့ ထောင့်ဘက်အတွက် အနည်းငယ်ပိုရင့်တဲ့ အရောင်နှစ်ခုကိုစပ်ဆိုးပေးရပါမယ်။
Eyeliner အရောင်ကို အရမ်းမရင့်တဲ့ ချောကလက်ကာလာလေးသုံးပြီး မျက်လုံးထောင့်မှာ ခပ်ကော့ကော့လေးဖြည့်ဆိုးပေးလိုက်ပါ။ ပြီးရင်တော့ Eyeshadow အရောင်နီညိုလေးကိုပြန်ယူပြီး နှစ်ရောင်စပ်ပုံစံပြန်ဆိုးပေးရပါမယ်။ မျက်လုံးအောက်ကိုပါ ဆိုးပေးပြီး ပြီးတဲ့အခါ မျက်တောင်ကော့ပြီး Mascara လေးဆိုးပေးလိုက်ရုံပါပဲ။
နောက်ဆုံးအဆင့်အနေနဲ့ မျက်လုံးထောင့်၊ နှာခေါင်းထိပ်နဲ့ မျက်ခုံးအောက်ပိုင်းလေးတွေမှာ Highlighter လေး နည်းနည်းပွတ်ပေးပြီး နှုတ်ခမ်းနီကို အညိုရောင် Lip Liner လေးနဲ့ပုံဖော်ကာ ပုဇွန်ဆီရောင် (သို့) Peach ကာလာအဖျော့ နှုတ်ခမ်းနီလေးဆိုးပေးလိုက်ပါ။
ဒါဆိုရင်တော့ သင့်အတွက် ပူအိုက်တဲ့နေ့တွေမှာ အချိန်အနည်းငယ်ပေးရုံနဲ့ သဘာဝဆန်ဆန်လေး လှစေမယ့် Summer Makeup Look လေးကိုရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Jessica Vu
By MyStyle Myanmar