သင်က သင့်ရဲ့ အိတ်ထဲမှာ ဘယ်လိုပစ္စည်းလေးတွေ သယ်သွားလေ့ ရှိလဲ။ ဆွဲဆောင်မှုရှိတဲ့ ခပ်မိုက်မိုက် ကောင်မလေးတွေကတော့ ဖော်ပြပါ ပစ္စည်းတွေကို အမြဲ အိတ်ထဲ ထည့်တတ်ကြပါတယ်တဲ့။ ဒီတော့ ကြည်ု့လိုက်ရအောင်နော်-

၁။ Headphone

စတိုင်ကျပြီး အထာကျတဲ့ မိန်းကလေး အများစုမှာ Headphone တစ်ခု ပိုင်ဆိုင်ထားတတ်ပါတယ်။ ဒီမိန်းကလေးတွေက စကားသိပ်ပြောလေ့မရှိဘဲ Headphone လေး တစ်လုံးနဲ့ ကိုယ် သဘောကျတဲ့ သီချင်းလေးတွေကို နားထောင်တတ်ကြပါတယ်။

၂။ Jewelry

ခပ်မိုက်မိုက် ကောင်မလေးတွေက စတိုင်ကျဖို့ အမြဲ ဂရုစိုက်ကြပါတယ်။ ဒါကြောင့် သူတို့အိတ်ထဲမှာ ဝတ်တဲ့ ဖက်ရှင်နဲ့ လိုက်ဖက်မယ့် Jewelry တွေကို ထည့်သွားကြပါတယ်။

၃။ ပီကယ်

သူတို့က ကိုယ့်ခံတွင်းနံ့ကို ဂရုစိုက်ကြသူတွေမို့ အိတ်ထဲ ပီကယ်လေးတွေ ဆောင်သွားဖို့ မမေ့ကြပါဘူး။

၄။ Hand cream

ဆွဲဆောင်မှုရှိပြီး Hot ဖြစ်တဲ့ မိန်းကလေး တစ်ဦးအဖို့တော့ လက်ကလေးတွေ အမြဲ စိုပြေနူးညံ့နေဖို့ Hand cream လိုအပ်တယ်ဆိုတာကို နားလည်ထားကြပါတယ်။

၅။ Lip Balm

သူတို့က နှုတ်ခမ်းခြောက်လာလို့ နှုတ်ခမ်းနီ တန်းဆိုးရင် နှုတ်ခမ်းအတွက် မကောင်းတာကို သိကြပါတယ်။ ဒါကြောင့် Lip Balm ကို အိတ်ထဲ ထည့်ဖို့ မမေ့ကြပါဘူး။

၆။ ပိုက်ဆံအိတ်

ပိုက်ဆံအားလုံးကို ကျောပိုးအိတ်ထဲ ပြုံမထည့်ဘဲ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေက သပ်သပ် ပိုက်ဆံအိတ်ထဲ ထပ်ထည့်ကြပါတယ်။

၇။ ရေဘူး

အမြဲ ရေဓာတ်ပြည့်ဝနေဖို့ ဒီမိန်းကလေးတွေက ရေဘူးကိုလည်း မမေ့မလျော့ ထည့်တတ်ကြပါတယ်။

၈။ ရေမွှေး ဒါမှမဟုတ် ချွေးနံ့ပျောက်ဆေး

အမြဲ မွေးပျံ့နေဖို့ ရေမွှေး ဒါမှမဟုတ် ချွေးနံ့ပျောက်ဆေးကို အိတ်ထဲ ဆောင်ထားသင့်ပါတယ်။ ဒါကို Hot Girl တွေက နားလည်ကြပါတယ်။

၉။ Sunscreen

Skincare ကို ဂရုစိုက်လွန်းတဲ့ ပျိုမေတွေအဖို့တော့ အိတ်ထဲ Sunscreen ထည့်တာက မဆန်းပါဘူး။

၁၀။ ကလစ်

ပူလာရင် ဆံပင်စည်းဖို့ Claw Clip လေးတွေကိုလည်း ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတွေက အိတ်ထဲ ဆောင်ထားတတ်ကြပါတယ်။

၁၁။ နေကာမျက်မှန်

နေရောင်ခြည်ကို ကာဖို့ နေကာမျက်မှန်ကို လိုအပ်တယ်ဆိုတာ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတွေက နားလည်ထားကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar