သည်းထိတ်ရင်ဖို Horror ရုပ်ရှင် ဇာတ်ကားချင်း တူရင်တောင်မှ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတွေက ပရိသတ်တွေ စိတ်နှလုံးကို Tempo ပိုမြင့်စေပါတယ်။

ရုပ်ရှင်ပိတ်ကားထက်က ဇာတ်လမ်းဇာတ်ကွက်တွေဟာ တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အပျက်အဖြစ်တွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတယ်ဆိုတဲ့ အသိစိတ်က ကြည့်ရှု့သူတွေကို ပိုပြီးထိတ်လန့်ကြောက်ရွံ့တဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။

ဒီတစ်ခေါက်မှာတော့ ကြောက်စရာကောင်းတဲ့ သည်းထိတ်ရင်ဖို Horror ရုပ်ရှင်တွေ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ဖြစ်ရပ်မှန်ကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်း တချို့ကို တင်ဆက်ပေးချင်ပါတယ်။

(၁) The Exorcist (1973)

၁၉၇၃ ခုနှစ်မှာ ထွက်ရှိတဲ့တဲ့ The Exorcist ရုပ်ရှင် ဇာတ်ကားဟာ ၁၉၇၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်စာရေးဆရာ William Peter Blatty ရဲ့ နာမည်တူ ဖြစ်ရပ်မှန် ဝတ္ထုကိုအခြေခံပြီး ဒါရိုက်တာ William Friedkin က ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Ellen Burstyn ၊ Max von Sydow ၊ Lee J. Cobb ၊ Kitty Winn ၊ Jack MacGowran ၊ Jason Miller နဲ့ Linda Blair တို့လို့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ရိုက်ကူးထားပါတယ်။

တကယ့်အဖြစ်အပျက်တွေအပေါ် အခြေခံထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) The Texas Chainsaw Massacre (1974)

The Texas Chainsaw Massacre (1974) ဇာတ်ကားဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ကြောက်စရာအကောင်းဆုံး Horror ရုပ်ရှင်တွေထဲကတစ်ခု ဖြစ်ပါတယ်။

အမေရိကန်ဒါရိုက်တာကြီး Tobe Hooper ကပဲ ထုတ်လုပ်သူအနေနဲ့ရော ဒါရိုက်တာအနေနဲ့ပါ တာဝန်ယူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Marilyn Burns ၊ Paul A. Partain ၊ Edwin Neal ၊ Jim Siedow နဲ့ Gunnar Hansen တို့လို ဝါရင့်သရုပ်ဆောင်တွေ များစွာပါဝင်ရိုက်ကူးထားပါတယ်။

သားရေမျက်နှာဖုံးစွပ် လွှစက်ကိုင် လူသတ်သမားကြီးရဲ့ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်ခန်းတွေကို ရင်တထိတ်ထိတ် လက်ငါးချောင်းကြားက ချောင်းကြည့်ရမယ့် ခေတ်ဟောင်း Horror ရုပ်ရှင်  ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) The Conjuring (2013)

သြစတြေးလျ ဒါရိုက်တာ James Wan ရိုက်ကူးတဲ့ The Conjuring (2013) ဇာတ်ကားကတော့ Horror ရုပ်ရှင် ကြိုက်သူတွေကြားမှာ တော်တော်လေး ဟော့ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်ကြီးတစ်အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ် တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Patrick Wilson နဲ့ မင်းသမီး Vera Farmiga တို့က Ed Warren နဲ့ Lorraine Warren တို့ရဲ့ဇာတ်ကောင်နေရာတွေကို အပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။

တကယ့်ကို ထိတ်လန့်ကြောက်ရွံ့ဖွယ် ခံစားမှုရသကို အပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်တာကြောင့် Horror ရုပ်ရှင် ကြိုက်သူတွေ သေချာပေါက် ကြည့်သင့်ပါတယ်။

(၄) Borderland (2007)

ဒါရိုက်တာ Zev Berman ရိုက်ကူးတဲ့ ၂၀၀၇ ခုနှစ်ထွက် Borderland ရုပ်ရှင် ဇာတ်ကားဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အမေရိကန်-မက္ကဆီကန် Horror ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ မူးယစ်ရာဇာနဲ့ ဘာသာရေးဂိုဏ်းခေါင်းဆောင် Adolfo de Jesús Constanzo ရဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် နွေဦးမှာ Costanzo နဲ့ Narco-Satanists လို့ခေါ်တဲ့ သူရဲ့နောက်လိုက်တွေဟာ Texas တက္ကသိုလ်ကျောင်းသား Mark J. Kilroy ကို ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့တဲ့ ဖြစ်ရပ်မှန် ကို အခြေခံ မှီငြမ်းပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ လူသားစတေးမှုကျင့်သုံးတဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာဓလေ့တွေ နဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ခြောက်ခြားဖွယ် ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။

(၅) The Girl Next Door (2007)

၂၀၀၇ ခုနှစ်က ဒါရိုက်တာ Gregory M. Wilson ရိုက်ကူးခဲ့တဲ့ The Girl Next Door ဇာတ်ကားဟာ အမေရိကန်စာရေးဆရာ Jack Ketchum ရဲ့ ၁၉၈၉ က ခုနှစ်ထွက်ခဲ့တဲ့ နာမည်တူ ဖြစ်ရပ်မှန် ဝတ္ထုကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အိမ်နီးနားချင်းနဲ့ ကလေးများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အမေရိကန်ဆယ်ကျော်သက်မလေး Sylvia Likens အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေထဲမှာ နာမည်ကြီးတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။