မြန်မာဝတ်စုံဝတ်တဲ့အခါ ကိုယ်လုံးလေးပေါ်အောင်လို့ တချို့က Shapewear ကို ဝတ်တတ်ကြပါတယ်။ Shapewear ဝယ်တဲ့အခါ ခါးသေးချင်တာလား ? ပေါင်တွေကိုသွယ်စေချင်တာလား ? စသဖြင့် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်
သင့်ခန္ဓာကိုယ်အမျိုးအစား ၊ လိချင်တဲ့ပုံစံနဲ့ လိုက်ဖက်တဲ့ Shapewear ဝယ်နိုင်အောင်လို့ Shapewear ဝယ်တဲ့အခါ ဒီအချက်တွေကို ထည့်စဉ်းစားပါ။

Waist-Slimming

သင်က ခါးကိုသွယ်စေပြီး ဗိုက်ကိုချပ်စေချင်တာဆိုရင်တော့ High Waist ပုံစံထုတ်ထားတဲ့ Shapewear ကို ရွေးချယ်ပါ။ ခါးသွယ်ဖို့အတွက် အဓိကထားထုတ်ထားတဲ့ Shapewear တွေက နေ့တိုင်းဝတ်လို့လည်း အဆင်ပြေပါတယ်။

Thigh-Shaping

ဘောင်းဘီနဲ့စကတ်တွေဝတ်တဲ့အခါ အံဝင်ခွင်ကျဖြစ်စေဖို့နဲ့ သွယ်တဲ့ပေါင်တံလေးဖြစ်စေဖို့ ပေါင်အတွက် ဦးစားပေးထုတ်ထားတဲ့ Shapewear တွေကို ရွေးချယ်ပါ။ ပေါင်အလယ်ကနေ ဒူးအောက်အထိ သင်စိတ်ကြိုက် ရွေးလို့ရပါတယ်။

Butt-Exhancing

လုံးဝန်းနေတဲ့တင်သားလေးကို လိုချင်တာဆိုရင်တော့ သင့်ရဲ့ကောက်ကြောင်းကိုပေါ်စေပြီး တင်အတွက် ထုတ်ထားတဲ့ Shapewear တွေထဲကမှ သင်လိုချင်တဲ့ပုံစံ ၊ အထူ ၊ အဝိုင်းပုံသဏ္ဍာန်ကို ရွေးချယ်ပါ။

Bra Bulge

နောက်ကျောနဲ့ Bra ကြိုးပတ်ပတ်လည်ဧရိယာက အဆီပိုတွေကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့ နောက်ကျောအတွက် သီးသန့်ထုတ်ထားတဲ့ Shapewear တွေကို ရွေးချယ်ပါ။

All-over Shaping

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအတွက်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက် တခုတည်းဝတ်ချင်တာဆိုရင်တော့ ရင်သားကို မြှင့်ပြီး ဗိုက်သားကိုချပ်စေတဲ့အပြင် လုံဝန်းတဲ့တင်သားနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်စေတဲ့ All-over Shapewear များကို ရွေးပါ။