မင်းသမီး Lee Ha Nee လို့ပြောလိုက်တာနဲ့ လူတိုင်းက ချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေနဲ့အတူတူ သူမရဲ့ပါးပေါ်က ပါးချိုင့်လေးတွေကို ပြေးမြင်ကြမှာပါ။ One The Woman မင်းသမီး Honey Lee က သူမရဲ့အပြုံးတွေနဲ့သာမက သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရဲ့ချစ်ခြင်းခံရသူပါပဲ။

Lee Ha Nee လို့လည်းလူသိများတဲ့ မင်းသမီးချော Honey Lee က သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်ဖြစ်သလို 2006 ခုနှစ် Miss Korea နဲ့ 2007 ခုနှစ် Mexico City မှာ Miss Universe အတွက် 3rd runner-up ဖြစ်ခဲ့တဲ့ Miss တစ်ယောက်ပါပဲ။

ဒီလို Miss Korea နဲ့ Miss Universe အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်နေတုန်းကဆို သူမနဲ့မဆိုင်တဲ့ မဆီမဆိုင်မုန်းတီးမှုတွေလည်း အများကြီးရခဲ့သလို အနုပညာအလုပ်တွေကို ဆက်လက်လုပ်တဲ့အခါမှာလည်း မပြီးသေးပါဘူး။

မင်းသမီးဖြစ်ဖို့ ‘အရမ်းကြီးတယ်’ ဆိုတာတောင် ကြားခဲ့ရသလို သူမရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီးလည်း ယုတ္တိမတန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားမှာက အချိန်အတော်ကြာကြာ ပါးချိုင့်တွေကို “ချို့ယွင်းချက်” တခုလို သတ်မှတ်ကြတာမလို့ ပါးချိုင့်တွေကို အမြဲတမ်း ထောက်ပြတာခံရသလို သူမကို ခွဲစိတ်ဖို့အထိတောင် ခွဲစိတ်ဆရာဝန်တွေက ပြောတာခံခဲ့ရပါတယ်။

မင်းသမီးတစ်ယောက်အနေနဲ့ အခွင့်အရေးတွေ ရနိုင်ပါ့မလားဆိုတာ သံသယဖြစ်ခဲ့မိသလို စွန့်လွှတ်ရလိမ့်မယ်လို့ ခေါင်းထဲမှာ တွေးမိတဲ့အထိဖြစ်ခဲ့ပေမယ့် အခုတော့ ကမ္ဘာကြီက လုံးဝပြောင်းလဲသွားပြီမလို့ အခုချိန်မှာတော့ Lee Honey က နတ်ဘုရားမလို့တောင် ချီးမွမ်းခံနေရပါပြီ။