မျက်နှာမဲလို့စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ မျက်နှာပေါင်းတင်လို့ရအောင် Homemade Face Mask လုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ Face Mask လုပ်နည်းတွေအများကြီးထဲကမှ ကိုယ်နှစ်သက်ရာတစ်မျိုးကို စွဲလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရေက ပုံမှန်ထက်ပိုပြီး ဖြူလာမှာပါ။

ဆန်နဲ့နွားနို့

ဆန်စေ့ကိုအမှုန့်ဖြစ်အောင် ကြိတ်ပေးပြီး ရလာတဲ့ဆန့်အမှုန့်ကိုမှ နွားနို့နဲ့ရောမွှေပြီး ပျစ်ပျစ်လေးဖြစ်အောင် လုပ်ပေးရမှာပါ။ ပြီးရင်တော့ မျက်နှာနဲ့လည်ပင်းမှာ သေချာလိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင်တော့ မျက်နှာသစ်ချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။

နွားနို့၊ ပျားရည်၊ သံပယိုရည်

နွားနို့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် – အနည်းငယ်တို့ကို ရောမွှေပြီး မျက်နှာနဲ့လည်ပင်းမှာ သေချာပွတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ တစ်ကြိမ်လုပ်ပေးရင် ရပါပြီ။

ဒိန်ချဉ်

ဒိန်ချဉ်ကို စားပွဲတင်ဇွန်း ၃ ဇွန်းစာလောက်ယူပြီး မျက်နှာနဲ့လည်ပင်းမှာ လိမ်းထားပေးပါ။ ၅ မိနစ်ပြည့်ရင်တော့ ရေခဲရေနဲ့မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရေက တစ်ဖြေးဖြေးနဲ့ Bright ဖြစ်ပြီး ဖြူလာပါတယ်။

သခွားသီးနဲ့သင်္ဘောသီး

အခွံခွာထားတဲ့ သခွားသီးနဲ့သင်္ဘောသီးတို့ကို ဆတူရောပြီးကြိတ်ပေးပါ။ ရလာတာတွေကိုမှ ပျစ်ပျစ်လေးဖြစ်အောင်မွှေပေးပါ။ ပြီးရင်တော့ မျက်လုံးတစ်ဝိုက်ကိုရှောင်ပြီး မျက်နှာနဲ့လည်ပင်းကိုပဲ သေချာလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် လုပ်ပေးရပါမယ်။

Milk Cream နဲ့ နနွင်းမှုန့်

Milk Cream ကို အနေတော်လောက်ယူပြီး နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာနဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့လည်ပင်းမှာ သေချာနှံ့အောင်လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ်လောက် လုပ်ပေးရင်ရပါပြီ။