မိန်းကလေးတော်တော်များများက ဆံပင်အရမ်းကျွတ်ပါတယ်။ အထူးသဖြင့် ဆံပင်ဆေးဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာ စတဲ့ chemical ဆေးထိထားရင် ပိုပြီးကျွတ်ပါတယ်။ ဆံပင်ကျွတ်ရင် ဒီတိုင်းမနေပါနဲ့။ ဆံပင်ကျွတ်တာသက်သာတဲ့ ခေါင်းလျှော်ရည်သုံးတာမျိုး၊ treatment လုပ်တာမျိုး၊ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်တာမျိုးတွေ လုပ်ပေးပါ။ ဒီမှာတော့ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်လို့ရအောင် ထောပတ်သီးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

ထောပတ်သီးမှာက omega-3 fatty acids, vitamin B, niacin, iron, vitamin C စတဲ့ ဆံသားသန်စွမ်းကျန်းမာဖို့ အထောက်အကူပြုတဲ့အရာတွေ အများကြီး ပါဝင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာအတွက်တော့ ထောပတ်သီးက အကောင်းဆုံးပါ။

ထောပတ်သီးနဲ့ ဆံပင်ပေါင်းတင်ဖို့အတွက် ထောပတ်သီးအမှည့် အလုံးသေးတစ်လုံးကို အထဲက အသားတွေခြစ်ယူပြီး blender ထဲထည့်ပါ။ နွားနို့ – ခွက်တစ်ဝက်စာနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းကိုပါ ထည့်ပြီး smooth ဖြစ်သွားတဲ့ထိ ကြိတ်ပေးပါ။

ရလာတာကိုမှ ဦးရေပြားအနှံ့သေချာ သုတ်လိမ်း၊ ဆံသားတွေကိုပါသုတ်လိမ်းပြီး ၁၅ မိနစ် ထားထားလိုက်ပါ။ အချိန်ပြည့်ရင်တော့ ရေအေးနဲ့ပဲ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်ရည်ကို chemical နည်းတာ သုံးပေးပါ။

ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာတွေ သိသိသာသာကို သက်သာလာမှာပါ။

Source:www. stylecraze.com