ဆံသားရှုပ်ထွေးတာတွေသက်သာပြီး ဆံသားဖြောင့်ဆင်းသွားစေဖို့၊ သွေးလည်ပတ်မှုပိုကောင်းလာစေဖို့ ကော်ဖီမှုန့်ကိုသုံးပြီး ခေါင်းလျှော်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကလည်း လွယ်တာကြောင့် ဆံသားရှုပ်ထွေးနေတယ်၊ ဆံပင်အဖျားတွေပျက်စီးပြီး ဖွာနေတယ်ဆိုရင် Try ကြည့်သင့်ပါတယ်။

ကော်ဖီနဲ့ခေါင်းလျှော်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Chemical နည်းတဲ့ သဘာဝရှန်ပူ၊ ကော်ဖီမှုန့်အစစ် – စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရေ – တစ်ခွက်ပါ။

လုပ်ရမယ့်ပုံစံကတော့ ရေတစ်ခွက်ကို နည်းနည်းပူလာအောင် အပူပေးပါ။ ဆူပွက်စရာမလိုပါဘူး။ ရေနည်းနည်းပူလာပြီဆိုရင် ကော်ဖီမှုန်အစစ် – စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ပြီး မွှေပါ။ နည်းနည်းလောက်အေးသွားပြီဆိုရင်တော့ ဗူးထဲပြောင်းထည့်ပြီး သဘာဝရှန်ပူ – အနည်းငယ်ထည့်ကာ Shake လုပ်ပေးပါ။ ပြီးရင်တော့ ၂ နာရီကြာအောင် ထားထားလိုက်ပါ။

အချိန်ပြည့်ပြီဆိုရင်တော့ ပုံမှန်ခေါင်းလျှော်နေကျအတိုင်းပဲ ရှန်ပူအဖြစ်သုံးပြီး လျှော်ရမှာပါ။ ခေါင်းကို သေချာ massage လုပ် နှိပ်နယ်ပြီး လျှော်ပေးပါ။ ပြီးရင် ချက်ချင်းရေမဆေးချပဲ ၅ မိနစ်ထားပါ။ ၅ မိနစ်ပြည့်မှသာ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးရင် ဆံကေသာ သိသိသာသာကို ပြောင်းလဲပြီး ကောင်းလာပါလိမ့်မယ်။ ဆံသားရှုပ်ထွေးတာ၊ ဆံပင်အဖျားပျက်စီးတာတွေလည်း သက်သာသွားပါလိမ့်မယ်။

Source: www.brightside.me