နွေရာသီ ကမ်းခြေတွေ ဘာတွေသွားတဲ့အခါ ဒါမှမဟုတ် ရေမြေအပြောင်းအလဲ ခရီးထွက်ဖြစ်တဲ့အခါ ၊ ရေကူးကန်မှာရေကူးပြီး ပြန်လာတဲ့အခါမျိုးတွေမှာ ကလိုရင်းဓာတ်တွေကြောင့်ပဲဖြစ်ဖြစ် အခြားသော ဓာတုပစ္စည်းတွေပါဝင်မှုများတဲ့ ခေါင်းလျှော်ရည်တို့ ပေါင်းဆေးတွေကို လိုတာထက်ပိုပြီးသုံးမိလို့ပဲဖြစ်ဖြစ် ဆံကေသာတွေဟာ ပျက်စီးလေ့ရှိတတ်ပါတယ်။ ဒါကြောင့် Healthy Hairလေးပိုင်ဆိုင်ချင်ရင်တော့ ပြုပြင်ထိန်းသိမ်းမှု ပြန်လုပ်ဖို့ မဖြစ်မနေ လိုကိုလိုပါမယ်နော်။

Source: girlstyle.com

ဒါကြောင့် ပျိုမေတို့ဆံကေသာအတွက် အသုံးဝင်မယ့် DIY Healthy Hair Recipes ကို ဝေမျှပေးချင်ပါတယ်။ နဂိုလုပ်နေကျပုံစံတွေဖြစ်တဲ့ ကြက်ဥတို့ သံလွင်ဆီတို့နဲ့မဟုတ်ပဲဲ ထူးဆန်းစေမယ့် နည်းလမ်းသစ်ကို ပြောပြပေးချင်ပါတယ်။ အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင်တော့ ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားနိုင်မှာ အသေအချာပါပဲ့နော်…

ထိခိုက်ပျက်ဆီးမှုအတွက်အဓိက ပျောက်ကင်းစေမယ့် ပါဝင်ပစ္စည်းဟာ မိရောနိစ်ပါပဲ။ သူ့မှာပါတဲ့ ဓာတ်ဟာ ကယ်လိုရင်းဓာတ်ကို ကုသပေးတာပဲဖြစ်ပါတယ်။ ကောက်ရိုးတွေလို ဖွာခြောက်ပြီး ဓာတုဓာတ်ထိထားတဲ့ ဆံကေသာတွေအတွက် ပျောက်ကင်းစေဖို့ နည်းလမ်းကိုကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းတွေဖြစ်တဲ့ မိရောနိစ်နဲ့ ပျားရည်နှစ်မျိုးကို ဘယ်လိုရောစပ်သင့်သလဲဆိုတော့ သင့်ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး မိရောနိစ်ကို ရောစပ်မယ့် ခွက်ထဲ တစ်ဝက်ထည့်လိုက်ပါ။

နောက်ပြီး ပျားရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ထည့်ပြီး ရောမွှေကာ ခြောက်နေတဲ့ ဆံပင်ကိုသုတ်လိုက်ပါ။ မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။ မိရောနိစ်အနံ့ပျောက်ချင်ရင်တော့ Mint ပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

Source: AllWomenStalk