အခုလိုပူပြင်းနေတဲ့အချိန်မျိုးမှာ ချွေးတွေထွက်တော့ ချေးပိုဖြစ်တဲ့အတွက် Body ကို Scrub လုပ်ပေးဖို့ လိုပါတယ်။ ဒီလို Scrub လုပ်တဲ့အခါမှာလည်း အမျိုးမျိုးသော Scrub တွေရှိပေမယ့် ပူပြင်းတဲ့အချိန်မှာ အသားအေးစေတဲ့ Scrub မျိုးလုပ်တာတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့် အိမ်မှာလည်း လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင်လုပ်လို့ရအောင် အသားချောပြီး အသားအေးစေတဲ့ သခွားသီး Body Scrub ပြုလုပ်နည်းကို ပြောပြပေးလိုက်ပါတယ်။

သခွားသီးကို အခွံခွာပြီး အထဲကအူတိုင်ကို ဖယ်ထုတ်ပါ။ ပြီးရင် Blender ထဲထည့်ပြီး ကြိတ်ပေးပါ။ ကြိတ်ပြီးရင် ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာယူပြီး ပန်းကန်ထဲထည့်ပါ။ သကြားဖြူ – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာ ထည့်ပါ။ အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ peppermint essential oil ကို ၈ စက်လောက်ထည့်ပြီး သမအောင် မွှေပါ။

အားလုံးပြီးရင် ရေခဲသေတ္တာထဲ ခဏထည့်ထားပြီးမှ Scrub လုပ်ပါ။ Scrub လုပ်ပြီးရင် Lotion တော့ လိမ်းရပါမယ်။ အသားအေးစေတဲ့ Lotion ကို ရွေးလိမ်းပါ။

ဒီသခွားသီး Body Scrub က အသားလည်းအေးစေတဲ့အပြင် အသားလည်းချောစေပါတယ်။

Source: www.brightside.me