မျက်နှာမှာ ဝက်ခြံတွေရှိတာကိုတော့ ဘယ်သူ့မှမလိုချင်ကြပါဘူး။ ဝက်ခြံကင်းစင်တဲ့ မျက်နှာလေးလည်းရချင်တယ်၊ ပိုက်ဆံကုန်မှာလည်း ကြောက်တယ်၊ ပိုက်ဆံမကုန်ပဲလှချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် ပေါင်းတင်နည်းလေးကို သုံးကြည့်လိုက်နော်။ ပေါင်းတင်နည်းကလည်း နှစ်မျိုးဆိုတော့ ကိုယ်နဲ့ အဆင်ပြေတာတစ်ခုကို ရွေးလုပ်လို့ရတာပေါ့။

နနွင်းနဲ့ပျားရည်

Source: www.stylecraze.com

နနွင်းမှုန့် – ထမင်းစားဇွန်းတစ်ဝက်နဲ့ ပျားရည် – ထမင်းစားဇွန်းတစ်ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ပျစ်သွားအောင် သေချာမွှေပေးပါ။ ပြီးရင်တော့ မျက်နှာတစ်ပြင်လုံးနှံ့အောင် လိမ်းထားလိုက်ပါ။ ပိုတာတွေကိုတော့ လည်ပင်းကိုလိမ်းပေးလို့ရပါတယ်။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးရမှာပါ။

ရှားစောင်းလက်ပတ်နဲ့ နနွင်း

နနွင်းမှုန့် – ထမင်းစားဇွန်းတစ်ဝက်နဲ့ ရှားစောင်းလက်ပတ်ဂျယ် – စားပွဲတင်ဇွန်းတစ်ဇွန်းကို ပန်းကန်လုံးထဲထည့်ပြီး ပျစ်သွားအောင် မွှေပေးပါ။ ပြီးတာနဲ့ မျက်နှာမှာ နှံ့နေအောင်လိမ်းထားပြီး ၁၅ မိနစ်ကြာအောင်ထားပါ။ အချိန်ပြည့်ရင် ရေးဆေးချလိုက်ရုံပါပဲ။ ဒီပေါင်းတင်နည်းလေးကိုလည်း တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးလို့ရပါတယ်။

Source: www.healthcomplain.com

By MyStyle Myanmar