အသားအရမ်းခြောက်တဲ့သူတွေအတွက် အသားခြောက်တာကို သိသိသာသာ သက်သာစေမယ့် Homemade Face Mask ပြုလုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။

Oatmeal Mask

Oatmeal ကို ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာလောက်ယူပြီး ရေနွေး – ခွက်တစ်ဝက်စာနဲ့ ရောမွှေပါ။ ပြီးရင် ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ မျက်နှာသစ်၊ ပြီးရင် ကိုယ်လိမ်းနေကျ Skincare တွေ လိမ်းပေးပါ။

Avocado Mask

ထောပတ်သီး တစ်ခြမ်းကို ဇွန်းနဲ့ခြစ်ယူပြီး ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် မျက်နှာမှာလိမ်းပေးပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီးမှ မျက်နှာသစ်ပါ။ ပြီးရင်တော့ ကိုယ်လိမ်းနေကျ Skincare တွေ ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

Banana Mask

ငှက်ပျောသီးကိုအခွံခွာပြီး တစ်ခြမ်းယူကာ ပန်းကန်ထဲထည့်ချေပေးပါ။ ချေပြီးရင် မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်ပြီး ထုံးစံအတိုင်း Skincare ပြန်လိမ်းပေးရုံပါပဲ။

Egg Yolk Mask

ကြက်ဥကိုဖောက်ပြီး အကာဖယ်ကာ အနှစ်ကိုပဲ ယူပါမယ်။ ပြီးရင် အဲ့အနှစ်ကို ခလောက်ပြီး Cinnamon အမှုန့် နည်းနည်းနဲ့ရောခလောက်ပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပြီး Skincare လိမ်းပေးပါ။

ကြက်ဥအနှစ်က အသားခြောက်တဲ့သူတွေအတွက် ကောင်းပြီး အဆီပြန်တဲ့အသားအရေဆိုရင်တော့ ကြက်ဥအနှစ်ကိုဖယ်ပြီး အကာအရည်နဲ့ ပေါင်းတင်ရမှာပါ။

Strawberry Mask

Strawberry – ၅ လုံးလောက်ကိုချေပြီး ဒိန်ချဉ် – စားပွဲတင်ဇွန်းတစ်ဝက်၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ခြောက်သွားရင် မျက်နှာသစ်၊ Skincare ပြန်လိမ်းပေးလို့ ရပါပြီ။