အသားခြောက်တဲ့ Dry Skin သမားတွေအတွက် သဘာဝအသီးတွေနဲ့ ကိုယ်တိုင်လုပ်လို့ရမယ့် Homemade Face Mask ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ အလုပ်မရှုပ်ပဲ လွယ်လွယ်ကူကူလုပ်လို့ရတာမို့ အားလုံးအတွက် အဆင်ပြေမှာပါ။

Face Mask လုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီး၊ ငှက်ပျောသီး၊ ပျားရည်နဲ့ သံလွင်ဆီပါ။

လုပ်ရမယ့်ပုံစံကတော့ ပန်းကန်လုံးထဲကို ထောပတ်သီး – ၁ခြမ်း အခွံခွာထည့်ပါ။ ငှက်ပျောသီး – ၁ ခြမ်းကိုလည်း အခွံခွာပြီး ပါးပါးလေးတွေလှီးထည့်ပါ။ ပြီးတာနဲ့ ကျေညက်သွားအောင် ချေပြီးနယ်ပေးပါ။

ကျေညက်အောင်ချေပြီးတာနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်ထပ်နယ်ပါ။

သမအောင်နယ်ပြီးရင်တော့ မျက်နှာတစ်ပြင်လုံးမှာ လိမ်းထားလိုက်ပါ။ ၁၀ မိနစ်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ထောပတ်သီး၊ ငှက်ပျောသီးနဲ့ ပျားရည်က သင့်ရဲ့ ခြောက်သွေ့တဲ့ မျက်နှာအသားရေကို ရေဓာတ်ဖြည့်ပေးပြီး မျက်နှာလေးကို ချောမွေ့စေပါတယ်။