Glow skin ရရှိစေဖို့ကူညီပေးမယ့် homemade coffee mask ပြုလုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်ပေးတာက ပိုပြီးကောင်းပါတယ်။

Coffee & Honey Mask

Coffee မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည်တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပြီး ပေါင်းတင်ထားပါ။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနွေးနဲ့မျက်နှာသစ်ပေးပါ။
ဒီနည်းလမ်းကတော့ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားကြည်ကာ glow လာစေတယ်။ အသားအရေနူးညံ့ချောမွေ့ပြီး skin brightening ဖြစ်လာစေပါတယ်။

Coffee & Turmeric Mask

Coffee မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ပျစ်ပျစ်လေးပျစ်အောင် ရောမွှေပြီး မျက်နှာပေါ်လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ထားပြီးရင် မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ မျက်နှာအသားအရေလင်းပြီး ကြည်လာစေတယ်။ Glow လာစေတယ်။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။

Coffee & Coconut Oil Mask

Coffee မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ အုန်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းထားပါ။ ၁၅ မိနစ်ထားပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။ Oil ပါလို့ ရေနဲ့ပဲသစ်လို့မရပါဘူး။ ဒီနည်းလမ်းကတော့ ဆဲလ်သေတွေဖယ်ရှားပေးပြီး မျက်နှာအသားအရေကို စိုပြည်စေပါတယ်။ Glow skin လေးဖြစ်ပြီး အသားအရေအိအိလေး ဖြစ်စေပါတယ်။

Coffee & Milk Mask

Coffee မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်းတစ်ဝက်တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး မျက်နှာမှာလိမ်းကာ မိနစ် ၂၀ ထားပေးပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ မျက်နှာအသားအရေကို exfoliate လုပ်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အသားအရေကြည်ပြီး bright ဖြစ်လာစေတယ်။ Healthy glow look လေးရလာစေပါတယ်။