ကော်ဖီက အသားအရေအတွက် အရမ်းကောင်းတဲ့ သဘာဝပစ္စည်းပါ။ Body အတွက်ဆိုလည်း Coffee Scrub က လူကြိုက်များဆုံးပါ။ မျက်နှာအတွက်ဆိုရင် ကော်ဖီနဲ့ ပေါင်းတင်တာ၊ Scrub လုပ်တာတွေ လုပ်ပေးလို့ပါတယ်။ ဒီတစ်ခါမှာတော့ မျက်နှာအသားအရေ ပြဿနာတွေအတွက် ကော်ဖီနဲ့ပေါင်းတင်နိုင်မယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ဝက်ခြံအတွက်

ကော်ဖီမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ကုလားပဲမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ Essential Oil နည်းနည်းတို့ကို ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာမှာလိမ်းပေးပြီး ၁၅ မိနစ်ကြာရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် ဝက်ခြံတွေ သက်သာလာစေပါတယ်။

ဝက်ခြံအသေးအတွက်

ဝက်ခြံအကြီးတွေပေါက်တာမျိုးမဟုတ်ပဲ တစ်ခါတစ်လေမှ ဝက်ခြံသေးသေးလေး ပေါက်တာမျိုးဆိုရင်တော့ ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို အုန်းဆီ – စားပွဲတင်ဇွန်း တစ်ဝက်၊ သစ်ကြံပိုးခေါက် – နည်းနည်းတို့ကို ရောမွှေပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ မျက်နှာသစ်ပြီး Moisturizer လိမ်းပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်ပဲလုပ်ပေးရင် ရပါပြီ။

နေလောင်တာအတွက်

ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး မျက်နှာကို လိမ်းပေးပါ။ လည်ပင်းကိုပါ လိမ်းလည်းရပါတယ်။ ၁၅ မိနစ်ထားပြီးမှ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရင် နေလောင်တာ သက်သာစေပါတယ်။

Skin Brightening အတွက်

Skin Brightening အတွက်ဆိုရင်တော့ ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ မျက်နှာသစ်ပေးပါ။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

Glowing Skin အတွက်

မျက်နှာအသားအရေက ခြောက်သွေ့သလိုဖြစ်နေတယ်၊ Glowing Skin ဖြစ်ချင်တယ်ဆိုရင်တော့ ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲတို့ကို ရောမွှေပြီး မျက်နှာကို လိမ်းထားပေးပါ။ ၁၅ မိနစ် ထားပြီးမှ မျက်နှာသစ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားခြောက်တာ သက်သာပြီး Glowing Skin ကို ရရှိလာစေပါတယ်။