မင်္ဂလာပါနော်။ နူးညံ့တောက်ပတဲ့ ဆံကေသာကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ အမျိုးသမီးတို့ ဘုန်း ဆံထုံး ဆိုသလို မြန်မာမိန်းကလေးတွေဟာ ဆံကေသာအလှကို သိပ်တန်ဖိုးထားတတ်ကြသူတွေပါ။

စာဖတ်သူတို့ထဲမှာ ဆံကေသာကို နူးညံ့ပျော့ပျောင်း တောက်ပြောင်ချင်သူတွေ ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ငှက်ပျောသီး ၁ လုံး
  • ကုလားပဲမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် အနည်းငယ်
  • သံပယိုရည် အနည်းငယ်

ပြုလုပ်နည်း

ငှက်ပျောသီးကို အတုံးသေးသေးလေးတွေ လှီးထည့်လိုက်ပါ။

ပြီးရင် ကုလားပဲမှုန့်ကို ထည့်လိုက်ပါ။

အဲဒီနောက် သံပယိုသီးကို အရည်ညှစ်ထည့်လိုက်ပြီး ပျားရည်နည်းနည်းထည့်ပါ။

အဲဒီနောက် ငှက်ပျောသီးကို ပြဲအောင် သေချာလေးမွှေလိုက်ပြီး ဆံပင် အရင်းကနေ အဖျားအထိ လိမ်းပေးပါ။

မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

အကျိုးကျေးဇူး

ခြောက်သွေ့တဲ့ ဦးရေပြားကို ကုသပေးခြင်း

ဆံကေသာကို အာဟာရဖြည့်ပေးခြင့်

ဆံကေသာကို ကျန်းမာစေပြီး နူးညံ့ တောက်ပြောင်စေခြင်း

ဆံပင်ကျွတ်တာ ကာကွယ်ပေးခြင်း