ကိုရီးယား မင်းသမီးလေးလို အသားအရေ ကြည်လင်ဝင်းပချင်ပါသလား။ မိတ်ကပ်တွေရဲ့အကူအညီ ရယူစရာမလိုဘဲ အသားအရေလေး တင်းတင်းရင်းရင်းနဲ့ Glow ချင်သူများအတွက် သဘာဝပေါင်းတင်နည်းများ ရှိပါတယ်။

ထိုပေါင်းတင်နည်းများကတော့ ထောပတ်သီးကို အဓိကထား အသုံးပြုရမှာဖြစ်ပါတယ်။

ထောပတ်သီးနှင့် ငှက်ပျောသီးပေါင်းတင်နည်း

ထောပတ်သီးမှည့်တစ်လုံးကို ငှက်ပျောသီးတစ်လုံး၊ ကြက်ဥအနှစ်တစ်လုံးတို့ဖြင့် အနှစ်များဖြစ်သွားအောင် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ် ၁၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းကတော့ မျက်နှာအဆီပြန်သူများအတွက် ပိုအသုံးတည့်ပါတယ်။ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံပေါက်ခြင်း၊ အမဲစက်ဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ထောပတ်သီးနှင့် ပျားရည်ပေါင်းတင်နည်း

ထောပတ်သီးမှည့်တစ်လုံးကိုး ထောပတ်အသားများ ဖယ်ထုတ်ကာ ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်ခန့် ထားထားပါ။ သတ်မှတ်ချိန်ပြည့်မှ မျက်နှာသစ်ပေးလိုက်ပါ။

ထောပတ်သီးရော ပျားရည်ရောက အစိုဓာတ် ထိန်းပေးထားနိုင်တဲ့ သဘာဝပစ္စည်းများဖြစ်ပြီး အသားအရေ မွဲခြောက်ခြောက်ဖြစ်ခြင်းမှ ကာကွယ်ပေးကာ အသားအရေကို Glow စေမှာပါ။

ထောပတ်သီးနှင့် ဒိန်ချဉ် ပေါင်းတင်နည်း

ထောပတ်သီး တစ်လုံးရဲ့လေးပုံတစ်ပုံကို အနှစ်များရအောင် ချေလိုက်ပါ။ ထို့နောက် သဘာဝဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် ရောနှောကာ သမအောင် ရောမွှေပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထားထားပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မျက်နှာသစ်လိုက်လို့ရပါပြီ။

ဒီပေါင်းတင်နည်းကတော့ ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားများကို သေစေပြီး အသားအရေကို အစိုဓာတ် ဖြည့်တင်းပေးနိုင်ပါတယ်။

ဒီပေါင်းတင်နည်းတွေထဲက မိမိကြိုက်နှစ်သက်ရာနည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်ကာ ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင် ကိုရီးယားမင်းသမီးလေးလို နူးညံ့ချောမွတ်တဲ့အသားအရေပိုင်ရှင်လေး ဖြစ်သွားပြီပေါ့။

Source: Lifehack.org