ပေါင်တံသွယ်သွယ်လေးက ဘာဝတ်ဝတ် လှတာမို့လို့ ပျိုမေတိုင်း လိုချင်ကြပါတယ်။ ခန္ဓာကိုယ် အဆီကျလာမယ်ဆိုရင် သင့်ပေါင်အဆီလည်း အလိုလို ကျလာပါလိမ့်မယ်။ ဒါပေမယ့် အောက်ပိုင်း လေ့ကျင့်ခန်းတွေ လုပ်ပေးမှလည်း ထိထိရောက်ရောက် အဆီကျလာမှာပါ။ ဒီတစ်ခေါက်မှာတော့ ပေါင်တံ အဆီကျစေပြီး ပေါင်တံ သွယ်ကာ ကျစ်လစ်လာစေမယ့် ကိုယ့်အိမ်မှာပဲ လုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။

Lateral Lunges

Photo Source: Womens-Health

ခြေထောက်နှစ်ဘက်ကို အကွာအဝေး ခြားပြီး ကားထားတဲ့ ပုံစံကနေ စတင်ရပါမယ်။ ပြီးနောက် ခန္ဓာကိုယ်ကို ဘေးဘက်ဆီ ထိုင်ပေးရပါမယ်။ ဒီလို ထိုင်တဲ့အချိန် သွားတဲ့ဘက်က ဒူးကို ကွေးပေးရပါမယ်။ ဘယ်ဘက်ကနေ စလုပ်ရင် ညာဘက်ကိုလည်း ဒီလိုပဲ သွားပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကို အခါ ၂၀ စာ လေးကြိမ် လုပ်ရပါမယ်။

Squat Leg Lift

Photo Source: Popsugar

အရင်ဆုံး ထိုင်ထ လုပ်တာက စပေးရပါမယ်။ ထိုင်ပြီး ပြန်ထတဲ့အခါ ပုံစံ ပြောင်းသွားမှာပါ။ ထိုင်ပြီး ထလိုက်တာနဲ့ ညာဘက် ခြေထောက်ကို ဘေးဘက် မ ပြီး ကန်ပေးရပါမယ်။ ပြီးနောက် ပြန်ထိုင်ပေးရပါမယ်။ ဒီတစ်ခေါက် ထတဲ့အချိန် ဘယ်ဘက်ခြေထောက်ကို ဆန့်ပေးရပါမယ်။ Squat Leg Lift လေ့ကျင့်ခန်းကို အခါ ၂၀ စာ လေးကြိမ် လုပ်ရပါမယ်။

Curtsy Lunge

Photo Source: Spotebi

Lunge ထိုင်တဲ့အချိန် အတည့် မထိုင်ဘဲ လွှဲထိုင်ပေးတာကို Curtsy Lunge လို့ခေါ်ပါတယ်။ ထိုင်ပြီးနောက် ပြန်ထတဲ့အချိန် ခြေထောက်ကို ဆန့်ထားရပါမယ်။ ဒီလို ထိုင်လိုက်ထလိုက် လုပ်တာကို ဘယ်ညာ တစ်လှည့်စီ လုပ်ပေးရပါမယ်။ အခါ ၂၀ လေးကြိမ် လုပ်ရပါမယ်။

Sumo Pulses

Photo Source: Gfycat

ခြေထောက်ကို ကားကာ ထိုင်နေပြီး ဒီအနေအထားကနေ စတင်ပေးရပါမယ်။ ဒီအနေအထားနဲ့ ထိုင်ထားကာ ခြေထောက်ကို ဘယ်ညာ တစ်ပြိုင်နက် ခြေဖျား ထောက်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ခက်ခဲပေမယ့် သင့်ပေါင်အဆီကို ထိရောက်စွာ ကျစေပါလိမ့်မယ်။ အခါ ၂၀ ကို လေးကြိမ် လုပ်ရပါမယ်။

Pass Through Lunges

Photo Source: Vogue-India

Photo Source: Greatist

ပထမပုံထဲကအတိုင်း အရင် ထိုင်ပေးရပါမယ်။ ပြီးနောက် ဒုတိယပုံလို ဒူးနှစ်ဘက်ကို ကွေးကာ လှည့်ပေးရပါမယ်။ ပြီးရင်တော့ ပထမပုံလို ပြန်ထိုင်ရပါမယ်။ နောက်တစ်ခေါက်မှာတော့ တခြား ဆန့်ကျင်ဘက် ဘက်ကို လှည့်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း အခါ ၂၀ လေးကြိမ် လုပ်ပေးရပါမယ်။

By MyStyle Myanmar