သွားဖြူချင်တဲ့သူတွေနဲ့ သွားဝါလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဝါညစ်နေတဲ့သွားတွေကို ဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် အိမ်တွင်းဖြစ်နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ ချက်ချင်းကြီးဖြူလာမှာမျိုးတော့မဟုတ်ပေမယ့် ၃ ရက် တစ်ခါ၊ ၅ ရက် တစ်ခါ ပုံမှန် မပျက်အကွက် လုပ်ပေးမယ်ဆိုရင်တော့ ဝါနေတာတွေ တဖြေးဖြေးလျော့သွားပြီး ပြန်ဖြူလာမှာပါ။ မျိုးရိုးအရသွားဝါတာမျိုးကျတော့ အိမ်တွင်းနည်းလမ်းလောက်နဲ့ အဆင်မပြေပါဘူး။ သွားဆေးခန်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး လေဆာပစ်တာမျိုးလုပ်မှသာ အဆင်ပြေပါလိမ့်မယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်ဖြူ၊ သံပယိုရည် (သို့) သံပုရာရည်၊ သွားတိုက်ဆေး၊ နနွင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ကြက်သွန်ဖြူ ၅ တက်ကို အခွံခွာပြီး ပန်းကန်လုံးလေးထဲ ခြစ်ချပေးပါ။

သံပယိုရည် (သို့) သံပုရာရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာ ညှစ်ချပြီးနယ်ပေးပါ။

သွားတိုက်ဆေးကိုလည်း စားပွဲတင်ဇွန်း ၁ ဇွန်းစာ ညှစ်ထည့်ပြီး နယ်လိုက်ပါ။

နနွင်းမှုန့်ကို စားပွဲတင်ဇွန်းရဲ့ လေးပုံ ပုံ တစ်ပုံစာယူပြီး ထည့်နယ်ပါ။

သေချာသမအောင်နယ်ပြီးရင်တော့ သွားမှာပွတ်ပြီး ခဏလောက်ထားပါ။ ပြီးမှ ပလုတ်ကျင်းလိုက်ပါ။ အဲ့လိုမဟုတ်ပဲ သွားပွတ်တံနဲ့ယူပြီး သွားတိုက်ပေးလို့လည်း ရပါတယ်။

Source:www.purebeautytips