လှပပြီး ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို ပျိုမေတိုင်း လိုချင်ကြတယ်မဟုတ်လား။ အခုခေတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သဘာ၀ မျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့မရပါဘူး။

အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးပါးလာစေပါတယ်။ မျက်ခုံးမွှေးထူထူလေးရဖို့ သဘာဝအတိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မဲ့နည်းလမ်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

healing-properties-of-olive-oil-with-lemon-juice

၁။ သံလွှွင်ဆီ

၂။ သံပုရာသီးတစ်စိပ်

ပြုလုပ်နည်း

၁။ သံပုရာသီး တစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းထိ ထည့်ပါ။

၂။ အဲဒီနောက် ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး ၅ ရက်လောက်ထားပါ။

၃။ အဲဒီအရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ။

၄။ တစ်ညလုံးထားရင်ပိုကောင်းပါတယ်။

အဲဒီလိုမျိုး ၃ ပတ် ၄ ပတ်လောက်လုပ်ပေးပါ။  ပထမ ၁၀ ရက်အတွင်း သိသာတဲ့ ရလဒ်ကောင်းကို ရရှိလာမှာဖြစ်ပါတယ်။