မိန်းကလေးတော်တော်များများက အလှပြင်ဆိုင်တွေကိုသွားပြီး ခြေသည်းလက်သည်းလေးတွေကို သန့်ရှင်းရေးလုပ်ပြီး အလှဆင်တာမျိုးတွေကို လုပ်တတ်ကြပါတယ်။ ပိတ်ရက်တွေမှာ အိမ်မှာနေရင်းနဲ့ပဲ ငွေကုန်ကြေးကျလည်း သက်သာပြီး Foot Spa လုပ်လို့ရမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေနွေးနဲ့အရင်စိမ်ရပါမယ်။ ဇလုံကြီးကြီးတစ်ခုထဲမှာ ရေနွေးနွေးလေးဖြစ်အောင် စပ်ပြီးခြေထောက်တွေကို စိမ်ထားပေးရမှာပဲဖြစ်ပါတယ်။ ရေနွေးနဲ့စိမ်တာက သင့်ခြေထောက်တွေကို အကြောတွေပြေစေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ ရေနွေးထဲကို ဆားလေးအနည်းငယ်ထည့်ပြီး စိမ်ပေးရင် ပိုပြီးတော့ကောင်းတာပေါ့။

ခြေသည်းနီတွေကို ဖျက်ပေးပါ။ ခြေသည်းနီတွေက တစ်ပတ်တစ်ခါဖျက်ပြီး အသစ်ပြန်ဆိုးပေးဖို့လိုပါတယ်။ ဒါမှလည်း ကျန်းမာတဲ့ခြေသည်းလေးတွေကို ပိုင်ဆိုင်ရမှာပေါ့။ ရေနွေးနဲ့စိမ်ပြီးသွားတဲ့အချိန်မှာ ခြေသည်းလေးတွေမှာရှိနေတဲ့ ခြေသည်းနီတွေကို သေချာပြောင်စင်အောင် ဖျက်ပေးဖို့လိုပါတယ်။

သကြားနဲ့ ပျားရည်ကိုရောပြီး ခြေထောက်လေးတွေကို ပွတ်တိုက်ပေးဖို့တော့လိုပါတယ်။ သကြားနဲ့ ပျားရည်က သင့်အသားအရေမှာရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး အသားအရေကိုချောမွေ့နူးညံ့စေပါတယ်။

ခြေသည်းလေးတွေကို ညှိပေးပါ။ ခြေသည်းတွေက ရှည်လာတဲ့အခါမှာ ပုံစံမမှန်တော့တာတွေဖြစ်တတ်တော့ တံစည်းလေးနဲ့တိုက်ပြီး ခြေသည်းလေးတွေကို ညီအောင်လုပ်ပေးဖို့လိုတာပေါ့။

ခြေသည်းကြားမှာရှိနေတဲ့ အညစ်အကြေးတွေကို သေချာပြောင်အောင် ထုတ်ပေးလိုက်ပါ။

ပြီးရင်တော့ ခြေသည်းနီအသစ်ပြန်ဆိုးပေးလိုက်ပေါ့။ ညီညီညာညာနဲ့ လှလှပပဆိုးတတ်ဖို့က အရေးကြီးဆုံးပါပဲ။ ပြီးရင်တော့ ခြေသည်းနီတွေကို ခြောက်သွားအောင် ဂရုစိုက်ထားပြီး ခြေထောက်အသားအရေကို ပြန်လည်စိုပြေမှုရှိအောင် လိုးရှင်းလေးလိမ်းပေးဖို့လိုပါတယ်နော်။

အိမ်မှာပဲငွေကုန်ကြေးကျ သက်သာစွာနဲ့ Spa လုပ်ဖို့အတွက်ဆိုရင် ဒီအချက်တွေနဲ့ လုပ်ပေးပြီး ပိုက်ဆံချွေတာလို့လည်းရမယ်၊ လှပတဲ့ခြေထောက်လေးတွေကိုလည်း ပိုင်ဆိုင်ရတော့မှာပေါ့။