Eye Makeup ၊ ကဖိန်းဓာတ်များလွန်းတာ၊ အိပ်ချိန်မလုံလောက်တာ၊ လေထုညစ်ညမ်းမှုတွေကြောင့် မျက်လုံးတစ်ဝိုက်က အသားအရေက မွဲခြောက်ခြောက်နဲ့ ပင်ပန်းနွမ်းနေပြီလား ? ဒါဆို လုပ်ရတာမခက်ခဲတဲ့ အိမ်တွင်း နည်းလမ်းလေးတွေ လုပ်ကြည့်ပါ။ အသားအရေခြောက်သွေ့တာကို သက်သာစေမှာပါ။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က ရေဓာတ်ဖြည့်ပေးပြီး ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်တာကြောင့် မျက်လုံးတစ်ဝိုက်ရှိ အသားအရေခြောက်သွေ့တာကို သက်သာစေမှာပါ။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို သင့်မျက်လုံးတစ်ဝိုက် ခြောက်သွေ့နေတဲ့အစိတ်အပိုင်းများကို လိမ်းပြီး နှိပ်ပေးပါ။ တစ်ညလုံးထားပြီး နောက်နေ့မှ ရေဆေးချပါ။ ဒါကို ညတိုင်း လုပ်ပေးပါ။
ဗာဒံဆီ
ဗာဒံဆီက ခြောက်သွေ့တဲ့အသားအရေကို ကုသပေးနိုင်တဲ့ အကောင်းဆုံး Emollient တစ်ခုပါ။ ဗာဒံဆီကို မျက်လုံးတစ်ဝိုက်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ တစ်ညလုံးထားပြီး နောက်နေ့မှ ရေဆေးချပါ။ ဒါကို ညတိုင်း လုပ်ပေးပါ။
Vitamin E Oil
Vitamin E က ကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အပြင် အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး အမည်းစက်တွေကို လျော့ပါးစေပါတယ် ။ မျက်လုံးတစ်ဝိုက်က အသားအရေကို နုပျိုစေပြီး ကျန်းမာစေပါတယ်။ Vitamin E အဆီကို သင့်မျက်လုံးတစ်ဝိုက် ခြောက်သွေ့နေတဲ့အစိတ်အပိုင်းများကို လိမ်းပြီး နှိပ်ပေးပါ။တစ်ညလုံးထားလိုက်ပါ။ ဒါကို ညတိုင်း လုပ်ပေးပါ။
Glycerin
Glycerin က အသားအရေကို ရေဓာတ်ထိန်းပေးပြီး ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ Glycerin ကို Cotton Pads ပေါ်လိမ်းပြီး Cotton Pads ကို မျက်လုံးပေါ်အုပ်လိုက်ပါ။ 5 မိနစ်လောက်ထားပြီး ဖယ်လိုက်ပါ။ Glycerin ကို တစ်ညလုံးထားပြီး နောက်နေ့မှ ရေဆေးချပါ။ ဒါကို ညတိုင်း လုပ်ပေးပါ။
Vaseline Or Petroleum Jelly
Vaseline Or Petroleum Jelly က သားအရေကို ရေဓာတ်ထိန်းသိမ်းပေးပြီး ခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ Vaseline ကို လက်ချောင်းလေးနဲ့ မျက်လုံးနေရာကိုလိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ တစ်ညလုံးထားပြီး နောက်နေ့မှ ရေဆေးချပါ။ ဒါကို ညတိုင်း လုပ်ပေးပါ။
လက်ဖက်စိမ်းအိတ်
လက်ဖက်စိမ်းအိတ် က မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်းနဲ့ ခြောက်သွေ့ခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို ရေနွေးပူပူထဲမှာ မိနစ်အနည်းငယ်လောက်ထားပါ။ လက်ဖက်စိမ်းအိတ်ကို အအေးခံပြီး မျက်ခွံပေါ် တင်ထားပါ။ လက်ဖက်စိမ်းအိတ်ကို 15-20 မိနစ် (သို့) ပိုကြာအောင်ထားပါ။ ဖယ်ပြီးရင် မျက်လုံးကို ရေအေးအေးလေး ဖြန်းပေးပါ။
ထောပတ်သီး
ထောပတ်သီးအဆီက ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေကို အဟာရပြည့်ဝစေပြီး ကော်လာဂျင်ပေါင်းစပ်မှုကို တိုးမြင့်စေပါတယ်။ ထောပတ်သီးအဆီကို သင့်မျက်လုံးတစ်ဝိုက် ခြောက်သွေ့နေတဲ့အစိတ်အပိုင်းများကို လိမ်းပြီး နှိပ်ပေးပါ။
တစ်ညလုံးထားလိုက်ပါ။ ဒါကို ညတိုင်း လုပ်ပေးပါ။