အားလုံးပဲမင်္ဂလာပါနော်။ ဆံကေသာဟာ ဓာတုပစ္စည်းတွေ၊ နေရောင်ခြည်၊ အညစ်အကြေးတွေ ထိတွေ့တာများလို့ ဆံပင်အရောင်တွေမွဲခြောက်နေပြီး အဖျားနှစ်ခွဖြစ်နေလို့ စိတ်ညစ်နေရပါသလား။ ဒါဆိုရင်တော့ ‌ ‌မွဲခြောက်ပျက်စီးနေတဲ့ဆံနွယ်လေးတွေ သဘာဝအတိုင်း ပြန်လည်စိုပြေနူးညံ့လာစေမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း

ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲ သေချာရောထည့်လိုက်ပါ။

ပြီးရင်တော့ Microwave နဲ့ နည်းနည်းလေးအပူပေးလိုက်ပြီး ဆံပင်အရင်းကနေ အဖျားအထိလိမ်းပေးပါ။ ၅ မိနစ်လောက် ဦးရေပြားကို နှိပ်နယ်ပေးပြီးလိမ်းပေးရပါမယ်။

ပြီးရင်တော့ ၁ နာရီလောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ပြန်လျှော်ချလိုက်ပါ။ တစ်ပတ် ၂ ကြိမ်လုပ်ပါ။

ထောပတ်က သင့်ရဲ့ ဦးရေပြားကို အားဖြည့်ပေးသလို ဆံပင်အဖျားနှစ်ခွကို သက်သာစေပါတယ်။

အုန်းဆီကလည်း ဆံပင်ကိုအရှည်မြန်စေပြီး ဆံပင်အမြစ်လေးတွေကို သန်မာစေပါတယ်။