မွဲခြောက်ခြောက်ကြီးနဲ့ ဆံသားအဆီမရှိလို့ စိတ်ညစ်နေပါသလား။ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာပိုင်ရှင်လေးတွေအတွက် သဘာဝနည်းလမ်းနဲ့ အကောင်းဆုံးပေါင်းတင်နည်းကို မျှဝေပေးလိုက်ပါတယ်နော်။ ခြောက်သွ့တဲ့ဆံကေသာပိုင်ရှင်တွေအတွက်မို့ ဆံသားအဆီပြန်တဲ့သူတွေ လုပ်လို့မရပါဘူးနော်။

ငှက်ပျောသီးနဲ့ သံပုယိုရည်သီးရောပြီးပေါင်းတင်မယ်


ငှက်ပျောသီးနဲ့ သံပုယိုသီး (သို့) သံပုရာသီးကို ရောပြီးပေါင်းတင်ပေးပါ။ ငှက်ပျောသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့အပြင် Antioxidant ကြွယ်ဝစွာပါဝင်လို့ ဆံကေသာအတွက်ရော ဦးရေပြားအတွက်ပါကောင်းမွန်ပါတယ်။

သံပုယိုရည် နဲ့သံပုရာရည်ကတော့ ဦးရေပြားကနေ အဆီအလွန်အကျွံပြန်တာကို သက်သာစေပါတယ် ဒါ့ကြောင့် ငှက်ပျောသီးနဲ့တွဲသုံးမယ်ဆိုရင် သံကေသာကို အရမ်းလည်းအဆီမပြန် ခြောက်လည်းမခြောက်စေပါဘူး။

ပါဝင်ပစ္စည်း

ငှက်ပျောသီး မှည့် တစ်လုံး

သံပုယိုသီး ၁ လုံး (သို့) သံပုရာသီး ၂ လုံး (အရည်ညှစ်ထည့်ပါ)

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း (ဦးရေပြားအရမ်းခြောက်သွေ့မှသာသုံးပါ)

ပြင်ဆင်ခြင်း

ငှက်ပျောသီးမှည့်ကို ခွက်တစ်လုံးထဲထည့်ပြီး ပြဲသွားအောင်လုပ်လိုက်ပါ။ ပြီးရင် သံပုယိုရည်နဲ့ အုန်းဆီထည့်ပါ။ အဲဒီနောက် သေချာမွှေပေးပြီးရင် သုံးလို့ရပါပြီ။

ဘယ်လိုသုံးမလဲ

အခုလိုလုပ်ထားတဲ့ သဘာဝပေါင်းဆေးကို ဆံကေသာအရင်းကနေ အဖျားထိလိမ်းပေးလိုက်ပါ။ နှံ့သွားပြီဆိုရင် ဆံပင်အုပ်တဲ့ Shower Cap နဲ့ မိနစ် ၃၀ ၊ ၄၅ မိနစ်လောက် ပေါင်းထားပေးပါ။ ပြီးရင် ရေနည်းနည်းနွေးတယ်ဆိုရုံလောက်နဲ့ ဆေးချပါ။ ပြီးရင်ခေါင်းလျှော်ရည်ပေါင်းဆေးသုံးပြီး ခေါင်းလျှောချပါ။

ဆံကေသာသန်စွမ်း တောက်ပြောင်လာစေမှာဖြစ်ပါတယ်။