ဆံပင်အရမ်းကျွတ်ပြီဆိုရင် တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။ ဖြီးလိုက်တိုင်း ဆံပင်တွေကကျွတ်လွန်းလို့ ခေါင်းတောင်မဖြီးရဲတော့တာမျိုး ဖြစ်ကြမှာပါ။ ဒါကြောင့် ဆံပင်တွေအရမ်းကျွတ်တာကိုရပ်တန်သွားစေမယ့် ဆံပင်ပေါင်းတင်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်လို့ရတာဆိုတော့ အဆင်ပြေတာပေါ့။

ကြက်ဥနဲ့ပေါင်းတင်နည်း

 

ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ခလောက်ပါ။ ပြီးရင် သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ထပ်ခလောက်ပေးပါ။ ပြီးတာနဲ့ ခေါင်းမှာ နှံ့နေအောင် သုတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ချလိုက်ပါ။ ပြောင်အောင်လျှော်ဖို့တော့ လိုပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရွက်ကိုယူပြီး အထဲကဂျယ်လ်ကို ဇွန်းနဲ့ကော်ထုတ်လိုက်ပါ။ ပြီးရင် ဆံပင်နဲ့ ဦးရေပြားမှာ နှံ့နေအောင် သုတ်လိမ်းပေးပါ။ ၄၅ မိနစ်လောက်ထားပြီးမှ ရေအေးနဲ့ဆေးချပြီး ခေါင်းလျှော်လိုုက်ပါ။

ကြက်သွန်နီ

ကြက်သွန်နီ ၂ လုံးကို အရည်ထွက်အောင်ကြိတ်ပြီး ရလာတဲ့အရည်ကိုမှ ဆံသားမှာ လိမ်းပေးပါ။ ဦးရေပြားမှာ မလိမ်းပါနဲ့။ လိမ်းပြီးရင် မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး ခေါင်းလျှော်ပါ။

Source:www.nykaa.com