မျက်မှန်တပ်ထားတဲ့သူတွေအတွက် ဒီနည်းလမ်းလေးကိုမျှဝေလိုက်ပါတယ်နော်။ ခုမှ မျက်မှန်တပ်မယ်ကြံနေတဲ့သူတွေလည်း သဘာဝနည်းလမ်းလေးတွေနဲ့ မျက်မှန်ရာမထင်အောင် ပြုလုပ်ပေးနိုင်တာကြောင့် မျက်မှန်ကို ရဲရဲကြီးသာတပ်လိုက်ဖို့ အကြံပြုလိုက်ပါတယ်။

၁။ အာလူးနဲ့ ခရမ်းချဉ်သီး

အားဘူး (သို့) ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်မှန်ရာပေါ်မှာ ကပ်ထားပေးပါ။ ရက်အနည်းငယ်လောက်ပုံမှန်လုပ်ပေးရင် သက်သာသွားမှာဖြစ်ပါတယ်။

၂။ သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်မှန်ရာရှိတဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။ သခွားသီးကို အရည်ညှစ် ခရမ်းချဉ်သီးကိုလည်းအရည်ညှစ်ထည့်ပြီးလည်း သုံးနိုင်ပါတယ်။

၃။ ပျားရည်

ပျားရည်ကို နွားနို့ နဲ့ ကွေကာအုတ်အကြမ်းကိုရောလိုက်ပြီး မျက်မှန်ရာနားမှာ လိမ်းပေးပါ။ ပျားရည်ကိုပဲ သီးသန့်လိမ်းချင်လည်းရပါတယ်နော်။

၄။ သံပုယိုရည်

သံပုယိုသီးကို အရည်ညှစ်ပေးပြီး ဝါဂွမ်းနဲ့တို့လိုက်ကာ နှာခေါင်းနားမှာ နေ့တိုင်းလိမ်းပေးပါ။

၅။ ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်ကိုရေနဲ့ ဆတူရောပြီး နှာခေါင်းပေါ်မှာ လိမ်းထားပေးပါ။ မျက်မှန်တပ်ထားတာကြောင့်ဖြစ်တဲ့ အရာကို သက်သာပျေက်ကင်းစေပါတယ်။

၆။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ်ကို နှာခေါင်းနားမှာ လိမ်းပေးပါ။

၇။ လိမ္မော်ခွံ

လိမ္မော်ခွံကိုလည်း အသုံးပြုပေးလို့ရပါတယ်နော်။ လိမ္မော်ခွံကို အမှုန့်ကြိတ်ပြီး နွားနို့ နဲ့ ရောကာ နှာခေါင်းနားမှာလိမ်းပေးပါ။

အသုံးဝင်တဲ့နည်းလမ်းလေးတွေ

ရေများများသောက်ပါ။ ပေါ့ပေါ့ပါးပါးရှိတဲ့ မျက်မှန်ကိုရွေးချယ်တပ်ဆင်ပါ။ အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပါ။ နှာခေါင်းနားကို လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းလေး ပုံမှန်နှိပ်ပေးပါ။

အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို မျက်နှာ တစ်ခုလုံးလိမ်းပေးပြီး ပေါင်းတင်ပေးလို့လည်းရတယ်။