အမျိုးသမီးတွေက မျက်နှာပေါ်မှာ အမွှေးများတာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် မျက်နှာပေါ်ကအမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ပါဝင်ပစ္စည်း
ကုလားပဲမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပါ
ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်ကအမွှေးတွေရှိတဲ့နေရာမှာလိမ်းပေးပြီး မိနစ် ၂၀ (သို့) ၃၀ လောက်ထားပါ။ ခြောက်သွေားပြီဆိုရင် တဘက်ကို ရေနွေးစွတ်ပြီး သုတ်ချလိုက်ပါ။ ပြီးရင် ရေနွေးနဲ့ သေချာဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပါ။ ညနေဖက်မှာ လုပ်ပေးပါ။
၂။ ပါဝင်ပစ္စည်း
သင်္ဘောသီး ၁ စိတ်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုခွက်ထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်က အမွှေးရှိတဲ့နေရာမှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ ပြီးရင်တော့ တဘက်ကို ရေနွေးလေးနည်းနည်းစွတ်ပြီး သုတ်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။
ဒီနည်းလမ်းလေးတွေကို သုံးပေးပါ။ တဖြည်းဖြည်းနဲ့ အမွှေးတွေ လျော့ပါးသက်သာသွားမှာဖြစ်ပါတယ်။