မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေကိုဖယ်ရှားဖို့ ငွေအကုန်အကျသက်သာစေမယ့်၊ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းတွေက သေချာလေး ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် ဖြေးဖြေးချင်းစီပါးပြီး ပျောက်သွားမှာပါ။

အုန်းဆီနဲ့သံပယိုရည်

အုန်းဆီ – ၃ စက်နဲ့ သံပယိုရည် – ၃ စက်ကို ရောမွှေပြီး အမဲစက်ပေါ်မှာ လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီးမှ ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်နေ့ကို တစ်ကြိမ် ပုံမှန်လုပ်ပေးရင် အမဲစက်တွေ သိသိသာသာပါးလာမှာပါ။ ဒါပေမယ့် အဲ့လိုလုပ်ပြီးရင် မျက်နှာကို moisturizer ပြန်လိမ်းပေးဖို့တော့ မမေ့ပါနဲ့။

သခွားသီး၊ သံပယိုရည်နဲ့ ပျားရည်

သခွားသီးကို blender နဲ့ကြိတ်ပြီး ရလာတဲ့အရည်ကိုမှ စားပွဲတင်ဇွန်း ၁ ဇွန်းစာယူပြီး သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့နဲ့ ရောမွှေပြီး အမဲစက်တွေပေါ်မှာ သေချာလိမ်းပေးပါ။ ၁၀ မိနစ်လောက်လိမ်းပြီးမှ မျက်နှာသစ်လိုက်ပါ။ အမဲစက်တွေပါးသွားပြီး အသားအရောင် ညီလာပါလိမ့်မယ်။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

ဒိန်ချဉ်နဲ့သံပယိုရည်

အရင်ဆုံး သံပယိုရည်ကို အမဲစက်တွေပေါ်မှာ တို့လိမ်းပေးထားပါ။ လိမ်းထားတာခြောက်သွားပြီဆိုမှ အပေါ်ကနေ ဒိန်ချဉ်လေးထပ်အုံပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို နေ့တိုင်း တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် အမဲစက်တွေပါးလာပြီး အသားအရေက bright ဖြစ်လာမှာပါ။

ခရမ်းချဉ်သီးနဲ့သံပယိုရည်

ခရမ်းချဉ်သီးကို အရည်ရအောင်လုပ်ပြီး ရလာတဲ့ခရမ်းချဉ်သီးအရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး အမဲစက်တွေပေါ်မှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်ပြီး moisturizer တစ်ခုခု ပြန်လိမ်းပေးရုံပါပဲ။ ဒီနည်းလမ်းကို နေ့တိုင်းပုံမှန်လုပ်ပေးရင် အမဲစက်တွေပါးလာမယ့်အပြင် နေလောင်ထားတာတွေရှိရင်လည်း သက်သာလာပါလိမ့်မယ်။