ခြေဖဝါးတွေကြမ်းတမ်းပြီး ခြောက်သွေ့အက်ကွဲနေရင် နူးညံ့စိုပြေပြီး ဖြူဖွေးသွားအောင် လုပ်လို့ရတဲ့ အိမ်တွင်းနည်းလမ်းကောင်းလေးတစ်ခုကို လက်တို့ပြရစေနော်။ သဘာဝနည်းလမ်းကောင်းတွေအများကြီးထဲကမှ အလွယ်ကူဆုံးနည်းလမ်းကောင်းလေးတစ်ခုဖြစ်တဲ့ ငှက်ပျောသီးနဲ့ နူးညံ့ချောမွေ့တဲ့ခြေဖဝါးလှလှလေးတွေ ရစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

ငှက်ပျောသီးအမှည့်တစ်လုံးကို Blender ထဲထည့်ပြီး ကြိတ်ပေးပါ။ ပြီးရင် ခြေဖဝါးမှာ သေချာသုတ်လိမ်းပြီး ၁၀ မိနစ်ထားပေးပါ။

အချိန်ပြည့်ရင်တော့ ရေနွေးလေးနဲ့ ဖြေးဖြေးချင်းစီပွတ်ပြီး ဆေးပေးပါ။

ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်သွားမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။