ဆံပင်ဖြူတာကို ဆေးဆိုးပစ်တာထက်စာရင် သက်သာအောင်လုပ်တာက ပိုကောင်းပါတယ်။ ဒါကြောင့် အိမ်မှာ ပုံမှန်လုပ်ပေးလို့ရတဲ့ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေထဲက ကိုယ်အဆင်ပြေရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

ပျဉ်းတော်သိမ်ရွက်

ပျဉ်းတော်သိမ်ရွက်ကို လက်တစ်ဆုပ်စာယူပြီး သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေပြီး အပူပေးတည်ထားပါ။ မိနစ်ပိုင်းလောက် တည်ပြီးရင် အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင် ဆံပင်မှာ သေချာအနှံ့လိမ်းပြီး ဦးရေပြားကို massage လုပ်နှိပ်နယ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ခေါင်းလျှော်ချလိုက်ပါ။

Amla Oil (ဇီးဖြူသီးအဆီ)

Alma oil (ဇီးဖြူသီးအဆီ) ကို စားပွဲတင်ဇွန်း ၃ ဇွန်းစာလောက်ယူပြီး ဆံသားမှာ သေချာနှံ့အောင် လိမ်းပေးပါ။ ၁ နာရီထားပြီးမှ ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရင် အကောင်းဆုံးပါ။

Black Tea

Black tea တစ်ခွက်ကို ဆံပင်တွေအကုန်စိုသွားအောင် လောင်းချလိုက်ပါ။ ပြီးရင် ၁၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ချလိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။

အာလူးအခွံ

အာလူးအခွံတွေကို ရေနဲ့ထည့်ပြုတ်ပြီး ပွက်ပွက်ဆူလာရင် အာလူးအခွံတွေ ဖယ်လိုက်ပါ။ ပြုတ်ထားတဲ့အရည်တွေကို အေးအောင်ထားပြီး အေးသွားရင် ဆံပင်တွေ အကုန်စိုသွားအောင် လောင်းချလိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ချပါ။

ကြက်သွန်နီအရည်

ကြက်သွန်နီကို ပါးပါးသေးသေးလေးတွေလှီးပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့ ကြက်သွန်နီအရည်ကို ဆံသားအနှံ့စိုသွားအောင် လောင်းချလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေဆေးနဲ့လျှော်ချပါ။ တစ်ပတ်မှာ ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အကောင်းဆုံးပါပဲ။