ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာရှိတဲ့ ဒူး၊ တံတောင်ဆစ်၊ ဂျိုင်း စတဲ့နေရာတွေဟာ ညိုမဲစွဲတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ မိန်းကလေးအများစုက ဒီလိုမျိုး မည်းတာတို့၊ ညိုတာတို့ဆိုရင် အတို၀တ်တဲ့အခါမျိုးရင် စိတ်ရှုပ်ရပါတယ်နော်။ စကတ်အတိုတွေ ဝတ်တဲ့အခါမျိုးဆို ဒူးမည်းတာတွေကို လိုက်ဖုံးရတာကလည်း အလုပ်တစ်လုပ်ပေါ့နော်။
ဒီလိုမျိုးမဖြစ်အောင် သဘာဝနည်းလမ်းတွေနဲဲ့ဘယ်လိုကုသလို့ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
နနွင်းမှုန့် + ပျားရည်
နနွင်းမှုန့်နှစ်ဇွန်းကို ပျားရည်တစ်ဇွန်းခန့်ထည့်ပြီး နှပ်အောင်ရောမွေပေးပါ။ သံပရာသီးရှိရင် သံံပရာသီးအရည်တစ်ခြမ်းထည့်လို့ရပါတယ်။ အားလုံးကိုပျစ်ပျစ်လေးဖြစ်တဲဲအထိ ရောမွေပေးပါနော်။ မည်းနေတဲ့နေရာကို ၃မိနစ်ကြာအောင်ပွတ်တိုက်ပေးရပါမယ်။ တစ်ပတ်ကိုနှစ်ခါလောက် ပုံမှန်လုပ်ပေးရင်တော့ တစ်လလောက်ဆိုတော်တော်လေးသိသာပါတယ်။
သံပရာသီး + သွားတိုက်ဆေး
ပန်းကန်လုံးတစ်လုံးထဲကို သံပရာသီးတစ်လုံးရဲ့အရည်ကိုညစ်ပြီး သွားတိုက်ဆေးနှစ်ဇွန်းကို ထည့်ပြီးအားလုံးရောလိုက်ပါ။ နောက်ပြီးရင်တော့ မည်းညိုနေတဲ့နေရာကို လက်လေးနဲ့ပွတ်တိုက်ပေးရပါမယ်။ ဒီနည်းလမ်းလေးကလည်း လွယ်ကူပြီး ဘေးဥပဒ်မရှိတဲ့အတွက် အရမ်းကောင်းပါတယ်။
Banking Soda+ သံပရာသီး
Banking Soda ကိုတော့လိုသလောက်ယူပြီး သံပရာသီးတစ်လုံးရဲ့ အရည်နဲ့ရောမွေပေးပါ။ မည်းနေတဲ့နေရာတွေကို တစ်မိနစ်ခန်းပွတ်တိုက်ပေးရပါမယ်။ ခြောက်သွားရင်တော့ ရေနွေးလေးနဲ့ ပြန်ပြီးဆေးကြောသင့်ပါတယ်နော်။
Photo Source – Free.pik