အိမ်မှာ အသားအရေကို ကြည်လင်အောင် ဘယ်လိုလုပ်မလဲ ? ပြီးပြည့်စုံတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် အမြဲတမ်း အပြစ်အနာအဆာကင်းတဲ့ အသားအရေမျိုးကို ရနိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းတွေရှိပါတယ်။ ဒါကြောင့် အရိုးရှင်းဆုံးပစ္စည်းတွေကို သုံးပြီး အိမ်မှာဘဲ သက်တောင့်သက်သာနဲ့ လုပ်လို့ရတဲ့အိမ်တွင်းနည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

နနွင်း

နနွင်းက ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေတာကြောင့် အသားအရေကို တင်းရင်းတောက်ပစေပါတယ်။ နနွင်းမှုန့် ၁ဇွန်းခွဲ ၊ ကုလားပဲမှုန့် ၄ ဇွန်း ကို နို့ သို့မဟုတ် ရေလုံလောက်အောင် ထည့်ပြီး ပျစ်နေအောင် မွှေပေးပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပေးပါ။ 15 မိနစ် 20 မိနစ်လောက်ထားပြီးမှ ရိုးရိုးရေနဲ့ ဆေးပေးပါ။

အုန်းဆီ

မွဲခြောက်နေတဲ့အသားအရေအတွက် အုန်းဆီက အကောင်းဆုံးပါပဲ။ အုန်းဆီနည်းနည်းကို အပူပေးပြီး မျက်နှာနဲ့လည်ပင်းကို လိမ်းပေးပါ။ စက်ဝိုင်းပုံစံနှိပ်ပေးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်မှ သေချာသစ်ပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းက အသားအရေကို နုပျိုစေပြီး သဘာဝအတိုင်း တောက်ပြောင်စေပါတယ်။ ရှားစောင်းလက်ပတ်ဂျယ် ၁ ဇွန်း ၊ နနွင်းနည်းနည်း ၊ ပျားရည် ၁ ဇွန်း ၊ နို့ 1 ဇွန်းတို့ကို ရောမွှေပြီး မျက်နှာနဲ့လည်ပင်းကို ညီအောင် လိမ်းပေးပါ။ မိနစ် 20 ခန့်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးပြီး ခြောက်အောင်သုတ်ပါ။ ဒါကို တစ်ပတ် 1-2 ကြိမ် လုပ်ပေးပါ။

Baking Soda

Baking Soda က ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိ (၅)မျိုးလည်း ရှိပါတယ်။ Baking Soda ၁ ဇွန်း ၊ သံလွင်ဆီ ၁ ဇွန်း ၊ ပျားရည် ၁/၂ ဇွန်း တို့ကို ဇလုံတစ်ခုထဲ ရောမွှေပြီး မျက်နှာနဲ့လည်ပင်းကို စက်ဝိုင်းပုံစံ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေအေးနဲ့ဆေးပြီး ခြောက်အောင်သုတ်ပါ။ ပုံမှန်အတိုင်းMoisturizer လိမ်းပေးပါ။

သင်္ဘောသီး

သင်္ဘောသီးမှည့်က အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ကြည်လင်စေပြီး အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေကာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပြီး ငယ်ရွယ်နုပျိုစေပါတယ်။ သင်္ဘောသီးမှည့်နည်းနည်း ၊ Multani Mitti ၁ ဇွန်း ၊ ပျားရည် ၁ ဇွန်းတို့ကို သမအောင်မွှေပြီး မျက်နှာနဲ့လည်ပင်းအနှံ့ လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။