မင်္ဂလာပါ… ပျိုမဒီတို့ရေ… နွေရာသီမှာ အသားအရေတွေ ညစ်နွမ်းနေလို့ စိတ်ညစ်နေလား ? နွေရာသီမှာ လေအေးပေးစက်နဲ့ ဆောင်းရာသီမှာ အပူပေးစက်တွေက အသားအရေကို ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။ နွေရာသီမှာ အသားအရေကို နေရောင်ခြည်နဲ့ အပူဒဏ်တို့ကနေ ကာကွယ်သင့်ပြီး အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် နွေရာသီမှာ အကုန်အကျနည်းပြီး တောက်ပတဲ့ အသားအရေကို ရရှိစေဖို့ အိမ်မှာဘဲလုပ်လို့ရတဲ့ အိမ်တွင်းကုထုံးတွေကို ဝေမျှပေးလိုက်ပါတယ်။

ကော်ဖီ + သံပယို

သင့်နွေရာသီ အသားအရေထိန်းသိမ်းမှုပုံစံထဲမှာ ဗီတာမင် C ကို မေ့ထားလို့မရပါဘူး။ သံပရာသီးမှာ ဗီတာမင် C ပါ၀င်တာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ကော်ဖီဇွန်းတစ်ဇွန်းနဲ့ သံပုရာရည်တစ်ဇွန်းကို ဇလုံတစ်လုံးထဲမှာ ရောမွှေလိုက်ပါ။ မျက်နှာပေါ် လိမ်းပြီး ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

ရှားစောင်းလက်ပတ်

နွေရာသီမှာ အသားအရေကို ရေဓာတ်ဖြည့်ဖို့ရှားစောင်းလက်ပတ်အနှစ်ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပြီး မိနစ် 20 ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ။ 10 မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။

Turmeric Mask

နနွင်းမှာရောင်ရမ်းမှုကို ဆန့်ကျင်ပြီး အိုမင်းရင့်ရော်စေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ အရေပြားပေါ်က ရောင်ရမ်းမှုမှန်သမျှကို လျှော့ချပေးနိုင်တဲ့အပြင် သင့်အသားအရေကို ကြည်လင်တောက်ပစေပြီး သဘာဝအတိုင်း တောက်ပလာစေမှာပါ။ ပန်းကန်လုံးတစ်လုံးထဲ နနွင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ကာ သံပုရာရည်သုံးဇွန်းနဲ့ ရောမွှေပါ။ မျက်နှာပေါ်လိမ်းပြီး မိနစ် 20 လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

ပျားရည် + ဒိန်ချဉ်

ပျားရည်က အသားအရေရဲ့သဘာဝအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဒိန်ချဉ်က အသားအရေကို တောက်ပစေပါတယ်။ ဇလုံတစ်ခုထဲမှာ ဒိန်ချဉ်တစ်ခွက်ကိုယူပြီး ပျားရည်တစ်ဇွန်းထည့်လိုက်ပါ။ ရောမွှေပြီး အရေပြားပေါ် လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီး ရေအေးနဲ့ ဆေးချပါ။

သင်္ဘောသီး

သင်္ဘောသီးက အရေပြားပေါ်က အဆီတွေ ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ လတ်လတ်ဆတ်ဆတ်ထောင်းထားတဲ့ သင်္ဘောသီးတစ်လုံးကို နံ့သာဖြူနဲ့ ရွှံ့စေးမှုန့်နည်းနည်းထည့်ပြီး ရောမွှေပေးပါ။ က်နှာပေါ်မှာ လိမ်းပြီး မိနစ် 20 လောက်ထားပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးချလိုက်ပါ။

နံ့သာဖြူ + ဗာဒံဆီ

နံ့သာဖြူက အသားအရေကို ကြည်လင်စေပြီး ဗာဒံဆီက အသားအရေကို ပြန်လည်နုပျို တောက်ပလာစေပါတယ်။ နံ့သာဖြူကို ရောနယ်ပြီး ဗာဒံဆီထည့်ပါ။ အရေပြားပေါ်လိမ်းပြီး မိနစ် 20 ထားပါ။ နောက်မှ ရေဆေးချပါ။

ခရမ်းချဉ်သီး + ပျားရည်

ဗီတာမင် C ပါတဲ့ ခရမ်းချဉ်သီးက အသားအရေကို သဘာဝအတိုင်း တောက်ပလာစေပါတယ်။ ခရမ်းချဉ်သီး တစ်ဝက်ကို ကြေညက်အောင် ခြစ်ပြီး ပျားရည်ထည့်ပါ။ လိမ်းပြီး ၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။