မင်္ဂလာပါနော်။ မျက်နှာမှာ ချွေးပေါက်တွေ သိသိသာသာမြင်နေရလို့ စိတ်ညစ်နေတဲ့သူတွေရှိလား။ ချွေးပေါက်ကျယ်နေတဲ့ အသားအရေကို သေချာဂရုမစိုက်ဘဲထားတာက သင့်ကို ရှိရင်းစွဲထက် ရုပ်ရင့်စေမယ့်အပြင် ချွေးပေါက်ထဲ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ဝင်လွယ်တာမို့ ဝက်ခြံ Breakout တွ ပိုထွက်တတ်ပါတယ်။ အခုဖော်ပြပေးမယ့် သဘာဝနည်းတွေက အကုန်အကျနည်းပြီး ဘေးထွက်ဆိုးကျိုးမရှိတာမို့ ပုံမှန်လုပ်ပေးမယ်ဆိုရင် သိသိသာသာ ချွေးပေါက်ကျဉ်းပြီး အမဲစက်နဲ့ ဆားဝက်ခြံတွေကိုပါ သက်သာစေမှာပါ။

၁။ သံလွင်ဆီနဲ့ သကြား


သကြားရဲ့ သဘာဝချေးချွတ်အာနိသင်က ချွေးပေါက်တွေကို သန့်စင်ပေးနိုင်တာမို့ သကြားနှစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်းတို့ကို ရောပြီး ချွေးပေါက်ကျယ်တတ်တဲ့နေရာတွေမှာ ဖြေးဖြေးချင်း နှိပ်နယ်ပြီး ပွတ်ပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေနဲ့ပြန်လည်ဆေးချနိုင်ပါတယ်။ ချွေးပေါက်တွေသန့်စင်ပြီး အသားအရေတင်းတင်းလေးဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။

၂။ ကြက်ဥအကာ


ကြက်ဥအကာသုံးပြီး ပေါင်းတင်ပေးတာက အသားအရေတင်းရင်းပြီး ချွေးပေါက်တွေ မသိသာတော့အောင် ကူညီပေးနိုင်ပါတယ်။ ကြက်ဥအကာ သက်သက်ယူပြီး အရည်ကျဲကျဲရတဲ့အထိ မွှေကာ မျက်နှာအနှ့ံ့လိမ်းပေးပါ။ ကြက်ဥအရည် လုံးဝခြောက်သွားတဲ့အခါမှ မျက်နှာပြန်သစ်ပေးလိုက်ရုံပါပဲ။

၃။ ခရမ်းချဉ်သီးနဲ့ Oatmeal


ခရမ်းချဉ်သီးက ချွေးပေါက်တွေသန့်စင်ပြီး အရွယ်အစားကျဉ်းအောင်လုပ်ရမှာ အရမ်းအသုံးဝင်ပါတယ်။ Oatmeal မှာလည်း ချေးချွတ်ပေးနိုင်တဲ့ အာနိသင်ပါတာမို့ ခရမ်းချဉ်သီး၊ Oatmeal အနည်းငယ်တို့ကိုရောကာ အနှစ်ရအောင်ပြုလုပ်ပေးပါ။ ရလာတဲ့အနှစ်နဲ့ ပေါင်းတင်ပေးပြီး မိနစ် ၃၀ ပြည့်တဲ့အခါ ရေနဲ့ပြန်လည်ဆေးချပေးရပါမယ်။

၄။ ဒိန်ချဉ်


အရောအနှောမရှိတဲ့ သဘာဝဒိန်ချဉ်ကို ချွေးပေါက်ကျယ်တဲ့နေရာပေါ်မှာ လိမ်းပြီး ၁၀ မိနစ်လောက်ထားကာ ပေါင်းတင်ပေးတာကလည်း သင့်မျက်နှာပေါ်က ချွေးပေါက်တွေကျဉ်းပြီး အသားကြည်လာအောင် ကူညီပေးမှာပါ။ ၁၀ မိနစ်ပြည့်တဲ့အခါ ရေအေးအေးနဲ့ ဆေးချပေးပါ။ တစ်ပတ် တစ်ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။

၅။ Clay Mask ကပ်ပေးပါ


Clay Mask က ချွေးပေါက်တွင်းက အဆီနဲ့ အညစ်အကြေးတွေ စုပ်ယူဖယ်ရှားပေးပြီး အရေပြားကို အဆိပ်အတောက်ပျယ်စေတာမို့ Clay Mask နဲ့ ပုံမှန် ပေါင်းတင်တာမျိုး လုပ်ပေးဖို့ အကြံပေးချင်ပါတယ်နော်။

၆။ မုန့်ဖုတ်ဆိုဒါ


မုန့်ဖုတ်ဆိုဒါသုံးပြီး ချွေးချွတ်ပေးတာကလည်း အရေပြားပေါ်က ဆဲလ်သေတွေဖယ်ရှားပြီး ချွေးပေါက်တွေ မသိသာအောင် ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့် အနည်းကို ရေနွေးနွေးနဲ့ဖျော်ပြီး အနှစ်ရအောင် မွှေပေးပါ။ ရလာတဲ့အရောကို မျက်နှာမှာပေါင်းတင်ပေးပြီး ရေနဲ့ပြန်လည်သန့်စင်ပေးရမှာဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar