ဂျိုင်းမဲနေလို့ ဂျိုင်းပြတ်အင်္ကျီတွေ ဝတ်ဆင်ရတာ မိမိကိုယ်ကို ယုံကြည်ချက်ကင်းမဲ့နေပါသလား။ ဂျိုင်းပြတ်အင်္ကျီလေးတွေ ဝတ်တိုင်း ယုံကြည်ချက်ရှိရှိနဲ့ ဂျိုင်းမြှောက်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို မှန်မှန်ပြုလုပ်ပေးလိုက်ပါ။

ပန်းသီးရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါ

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ပေါင်းစပ်ကာ မွှေပေးလိုက်ပါ။ အမြှုပ်လေးတွေ ထလာတာကို တွေ့မြင်ပါလိမ့်မယ်။ အမြှုပ်လေးတွေ ပျောက်သွားမှ ဂျိုင်းအောက်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာမှ ရေအေးအေးလေးနဲ့ ဆေးကြောပြီး အခြောက်ခံလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် ၃ ရက်ခန့် ပြုလုပ်ပေးရပါမယ်။

နှင်းဆီရေနှင့် မုန့်ဖုတ်ဆိုဒါ

နှင်းဆီရေနဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောနှောပြီးနောက် ရရှိလာတဲ့အနှစ်ကို မဲနေတဲ့ ဂျိုင်းကြားအသားအရေမှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ ရေအေးနဲ့ ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

နွားနို့၊ နနွင်းမှုန့်နှင့် ပျားရည်

နွားနို့ စားပွဲတင်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို ဂျိုင်းကြားမှာ သုတ်လိမ်းပေးလိုက်ပါ။ တစ်ရက်ခြား တစ်ခါစီ၊ တစ်ပတ်မှာ ၃ ရက်ခန့် မှန်မှန်ပြုလုပ်ပေးရပါမယ်။

သကြားညိုနှင့် သံလွင်ဆီ

သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောနှောပေးလိုက်ပါ။ ထို့နောက် ဂျိုင်းကြားမှာ ၂ မိနစ်ခန့် ပွတ်တိုက်ပေးရပါမယ်။ ပွတ်တိုက်ပြီးတဲ့အခါ ၅ မိနစ်ခန့် ထားထားလိုက်ပါ။ ၅ မိနစ်ပြည့်မှ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။

တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

အာလူး

အာလူးကို အခွံခွာပြီး အချောင်းလေးများဖြစ်အောင် လှီးဖြတ်လိုက်ပါ။ ထို့နောက် အာလူးရည်များရလာအောင် ညှစ်လိုက်ပါ။ ရရှိလာတဲ့ အာလူးရည်ကို ဂျိုင်းကြားထဲမှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ မနက်တစ်ကြိမ် ညအိပ်ရာ မဝင်ခင် တစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

အယ်လ်မွန်ဆီ

အယ်လ်မွန်ဆီ အနည်းငယ်ကို ဂျိုင်းကြားထဲမှာ သုတ်လိမ်းပြီးနောက် ၈ မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ နေ့စဉ်မှန်မှန်ပြုလုပ်ပေးရပါမယ်။

အခုဖော်ပြသွားတဲ့ နည်းလမ်းတွေထဲကမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ ဂျိုင်းကြားအသားအရေက သိသိသာသာဖြူဝင်းလာပါလိမ့်မယ်။

Source: Brightside.me