ခြေဖဝါးတွေကြမ်းနေရင် နူးညံ့သွားအောင် လုပ်လို့ရတဲ့ အိမ်တွင်းဖြစ်နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အဲ့ထဲကမှ လွယ်လွယ်ကူကူလုပ်လို့ရအောင် ငှက်ပျောသီးနဲ့ နူးညံ့တဲ့ခြေဖဝါးလေးတွေရအောင် လုပ်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ငှက်ပျောသီးအမှည့်တစ်လုံးကို Blender ထဲထည့်ပြီး ကြိတ်ပေးပါ။ ပြီးရင် ခြေဖဝါးမှာ သေချာသုတ်လိမ်းပြီး ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေနွေးလေးနဲ့ ဖြေးဖြေးချင်းစီပွတ်ပြီး ဆေးပေးပါ။

ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်သွားမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။