ဦးရေပြား အမြဲယားယံနေတာမျိုး၊ ခဏခဏယားယံနေတာမျိုး ဖြစ်နေတဲ့သူတွေအအတွက် ဦးရေပြားယားယံတာကို သက်သာစေမယ့် Home Remedy တွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူလုပ်လို့ရတာကြောင့် ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးလုပ်ရုံပါပဲ။ ပုံမှန်လုပ်ပေးရင်တော့ ဦးရေပြားယားယံတာက သိသိသာသာကို သက်သာသွားမှာပါ။
Apple Cider Vinegar
Apple Cider Vinegar ကို ရေနွေးနဲ့ ရောပြီးတော့ နွေးနွေးလေးဖြစ်သွားပြီဆိုရင် ခေါင်းလောင်းချပြီး လျှော်ပေးပါ။ ဦးရေပြားကိုလည်း လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။ ဦးရေပြားယားယံတာ၊ ခြောက်သွေ့တာနဲ့ ဗောက်ထတာကိုပါ သက်သာစေပါတယ်။
Peppermint Oil
Peppermint Oil ကို Olive Oil နဲ့ ရောပြီးတော့ ဦးရေပြားအနှံ့ သေချာလိမ်းကာ နှိပ်နယ်ပေးပါ။ ပြီးရင် ခဏထားပြီးမှ ခေါင်းလျှော်ပါ။ ဒီလိုလုပ်ပေးခြင်းက ဦးရေပြားယားယံတာနဲ့ ဗောက်ထတာကို သက်သာစေပါတယ်။
Tea Tree Oil
ကိုယ်သုံးမယ့် ခေါင်းလျှော်ရည်ထဲကို Tea Tree Oil – ၁၀ စက်လောက် ထည့်ပြီးတော့ မွှေပါ။ ပြီးရင် အဲ့တာနဲ့ ခေါင်းလျှော်ပေးပါ။ ဦးရေပြားယားယံတာ သက်သာစေပါတယ်။
Salicylic Acid
Home Remedy တွေ လုပ်ဖို့အတွက် အချိန်သိပ်မရှိတဲ့သူတွေဆိုရင် Salicylic Acid ပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ။ ဦးရေပြားယားယံတာကို သက်သာစေပါတယ်။
Selenium Sulfide
နောက်တစ်မျိုးအနေနဲ့ Selenium Sulfide ပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလို့ရပါတယ်။ Selenium Sulfide က ဦးရေပြားယားယံတာ၊ ဗောက်ထတာတွေကို သိသိသာသာ သက်သာစေပါတယ်။