ဟယ်လို MyStyle Myanmarရဲ့ အမာခံပရိသတ်တွေထဲမှာမှ မျက်နှာပေါ်က အမဲစက်တွေ အရေကြောင်းတွေကိုဖြစ်နေလို့ စိတ်ညစ်နေရတဲ့သူလေးတွေ ရှိလားမသိဘူးနော်။ ဝက်ခြံထက် ပျောက်ဖို့ခက်လှတဲ့ အမဲစက်တွေကို သက်သာပျောက်ကင်းစေဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီနည်းလမ်းကောင်းလေးတွေကို ပုံမှန်လုပ်ပေးခြင်းဖြင့် အမဲစက်တွေကင်းပြီး ကြည်တောက်ရှင်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်လိုက်ကြပါစို့…

နနွင်းနဲ့ ပျားရည်

ပါဝင်ပစ္စည်း

နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် လုပ်ပေးပါ။

နှင်းဆီရေ နဲ့ဒိန်ချဉ်

ပါဝင်ပစ္စည်း

နှင်းဆီရေ စားပွဲတင်ဇွန်း ၃ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၅ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

မုန်လာဥနီနဲ့ ဒိန်ချဉ်

ပါဝင်ပစ္စည်း

မုန်လာဥနီ ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇါန်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲရောပြီး သေချာထည့်မွှေလိုက်ပါ။ ပြီးရင် မျက်နှာသစ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားကာ ရေဆေးချပေးပါ။ ပြီးရင် ခရင်မ်တစ်မျိုးမျိုးလိမ်းပေးထားတာပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

ကဲ..စာဖတ်သူတို့အနေနဲ့ အဆင်ပြေစေမယ့်နည်းလမ်းကောင်းလေးတစ်ခုကို ရွေးချယ်ပြီး ပုံမှန်လုပ်ပေးခြင်းဖြင့် အချိန်တိုအတွင်းမှာ သိသာထင်ရှားတဲ့ရလဒ်လေးကို ခံစားလိုက်ပါနော်။