မင်္ဂလာပါ…. ပျိုမဒီတို့ရေ… ရာသီဥတုကြောင့်ဘဲဖြစ်ဖြစ် ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး ၊ ရှူးဖိနပ်တွေ အစီးများတဲ့အခါမျိုးတွေမှာ ခြေဆီနံ့ လို့လူပြောများတဲ့ ခြေထောက်အနံ့ဆိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အဖြစ်များတဲ့ အဓိကအကြောင်းရင်း ကတော့ ချွေးအလွန်အကျွံထွက်တာကြောင့်ပါ။

ခြေထောက်အနံ့ဆိုးက ရှက်စရာကောင်းပြီး ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ သင့်ခြေထောက်က ဒီလိုအနံ့ဆိုးထွက်နေပြီဆိုရင် စိတ်မညစ်ပါနဲ့။ အိမ်မှာ အနံ့ဆိုးပျောက်ဖို့ ရိုးရှင်းပြီး ဈေးမကြီးတဲ့ ကုထုံးတွေရှိပါတယ်။ ဒီအချက်တွေကို သတိထားပြီး လုပ်ကြည့်ပါ။

ခြေထောက်ကို ဘက်တီးရီးယားပိုးသတ်ဆပ်ပြာနဲ့ တစ်နေ့နှစ်ကြိမ် ဆေးကြောပါ။

ရေချိုးပြီးရင် ခြေချောင်းကြားတွေကို အရက်ပျံနဲ့ပွတ်ပေးပါ။

ခြေထောက်ကို ဆားရည် ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါနဲ့ စိမ်ပါ။

ခြေထောက်ကို ရှာလကာရည်နဲ့ ရေချိုးပါ။

ခြေထောက်ကို Pumice Stone နဲ့ ဆေးကြောသန့်စင်ပါ။

ခြေအိတ်တွေကို ပုံမှန် နေ့တိုင်းလဲပေးပါ။

ဖိနပ်တွေ ခြောက်သွေ့စေပြီး လေဝင်လေထွက်ကောင်းစေဖို့ သင့်ဖိနပ်ကို ပုံမှန်လဲပေးပါ။