မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် အိမ်တွင်း အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြလိုပါတယ်။ ဒီ ပေါင်းတင်နည်းတွေကို သုံးပြီးနောက် အစိုဓာတ်ထိန်းခရင် လိမ်းပေးရပါမယ်။ ဘာလို့လဲဆိုတော့ ခြောက်သွေ့တဲ့အသားအရေတွေက အရေးအကြောင်း ပိုဖြစ်စေနိုင်လို့ပါ။

၁။ ငှက်ပျောသီးနဲ့ပျားရည်

လိုအပ်တဲ့ပစ္စည်းတွေကတော့-

  1. ငှက်ပျောသီးအမှည့်တစ်လုံး
  2. ပျားရည်တစ်ဇွန်း

ထိန်းသိမ်းနည်း

  • ငှက်ပျောသီးကို အနှစ်ပုံစံရအောင် ဇွန်းနဲ့ ဖိပေးပါ။ ပြီးနောက်ပျားရည်ထည့်ပါ။
  • ဒီအနှစ်ကို မျက်နှာပေါ်မှာလိမ်းပြီး ၁၅ မိနစ်ထားပေးပါ။
  • ပြီးနောက်ရေဆေးချပါ။

ငှက်ပျောသီးနဲ့ ပျားရည်က အသားအရေအစိုဓာတ်ပေးပြီး ချွေးပေါက်တွေကို သန့်ရှင်းပေးပါတယ်။

၂။ ဗာဒံစေ့

လိုအပ်တဲ့ပစ္စည်းတွေကတော့-

  1. ဗာဒံစေ့ နှစ်စေ့
  2. နို့စိမ်း
  3. ပျားရည်

ထိန်းသိမ်းနည်း

  • ဗာဒံစေ့ကို ကျိတ်လိုက်ပြီး ဒီထဲကို ပျားရည်တစ်ဇွန်းနဲ့ နို့စိမ်းထည့်ပေးပါ။
  • အမှုန်လေးတွေရအောင် သေချာရောမွှေပေးပါ။
  • ဒီအနှစ်ကို မျက်နှာပေါ်လိမ်းပြီးနောက် မိနစ်အနည်းငယ်ထားလိုက်ပါ။
  • ခြောက်တဲ့အထိထားပြီး ရေနဲ့ဆေးချပါ။
  • မျက်နှာဆေးတဲ့အခါ စက်ဝိုင်းပုံစံပွတ်ဆေးပေးပါ။

ဗာဒံစေ့က အသားအရေကို တောက်ပစေတဲ့ ဗီတာမင် အီးကြွယ်ဝပါတယ်။ဗာဒံစေ့အမှုန့်တွေက မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အသားညိုတာကိုလည်း သက်သာစေပါတယ်။

၃။ ရှားစောင်းလတ်ပတ်

လိုအပ်တဲ့ပစ္စည်းတွေကတော့-

  1. ရှားစောင်းလတ်ပတ်ဂျယ်
  2. နှင်းဆီရည်
  3. သံပယိုရည်အနည်းငယ်

ထိန်းသိမ်းနည်း

  • နှင်းဆီရည် သုံးဇွန်းနဲ့ သံပယိုရည် ၂ စက်ကို ရှားစောင်းလတ်ပတ်ဂျယ်နဲ့ရောပေးပါ။
  • ဒီအရောကို မျက်နှာမှာလိမး်ပြီး နှိပ်နယ်ပေးပါ။
  • အသားအရေအတွင်းထဲထိ စိမ့်ဝင်သွားပါစေ။
  • မိနစ်အနည်းငယ်ထားပြီး ရေဆေးချလိုက်ပါ။

ရှားစောင်းလတ်ပတ်က ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် မရှိမဖြစ်ပါပဲ။ အမည်းစက်တွေ၊ မျက်ကွင်းညိုတာတွေနဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။ ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။ တစ်ညလုံးထားပေးပါ။