[Zawgyi]

ဆံသားေတြကႏူးညံ႔ၿပီး ေပ်ာ့ေပ်ာင္းမႈရွိေနမွ Good Hair Day ေတြကိုပိုင္ဆိုင္ရမွာေပါ႔။ ဆံပင္ေတြကိုေသခ်ာထိန္းသိမ္းမႈေတြမလုပ္ေနဘူးဆိုရင္ ၾကမ္းတမ္းေျခာက္ေသြ႔ၿပီး ဆိုးရြားတဲ့ဆံပင္ေတြကိုပိုင္ဆိုင္ေနရမွာပါေပါ႔။ ဘယ္သူကမွေတာ့ ဆံသားေတြကိုပ်က္စီးေနတာမ်ိဳးကို မလိုခ်င္ၾကဘူးေလ။

ဒီေတာ့ ေျခာက္ေသြ႔တဲ့ဆံသားေတြကို ပိုင္ဆိုင္ရၿပီဆိုရင္ေတာ့ ျပန္လည္ျပင္ဆင္လို႔ရမယ့္နည္းလမ္းေကာင္းေလးေတြကို လိုက္လုပ္ၾကည့္ဖို႔ေတာ့လိုၿပီေလ။ ဒါမွလည္း လွပတဲ့ဆံသားေလးေတြနဲ႔အတူ Good Hair Day ကိုျဖတ္သန္းႏိုင္မွာေပါ႔။

သံလြင္ဆီ

သံလြင္ဆီကအလွအပအတြက္ဆိုရင္ အရမ္းကိုအသံုးဝင္ၿပီး အက်ိဳးရွိေစတဲ့သဘာဝအဆီအႏွစ္တစ္ခုလို႔ ဆိုလို႔လည္းရပါတယ္။ ေျခာက္ေသြ႔ေနတဲ့ဆံသားေတြအတြက္ ျပန္ၿပီးေတာ့ထိန္းသိမ္းခ်င္သူေတြအတြက္ သံလြင္ဆီကိုအသံုးျပဳလို႔ရမယ့္နည္းလမ္းေလးကေတာ့ သံလြင္ဆီကိုအပူခ်ိန္ေလးေပးၿပီး ေႏြးေႏြးေလးျဖစ္ေနေအာင္လုပ္ေပးရပါမယ္။ ရလာတဲ့သံလြင္ဆီေႏြးေႏြးေလးကို ဆံသားအႏွံလိမ္းေပးၿပီး ဦးေရျပားကိုလည္းႏွိပ္နယ္ေပးဖို႔ လိုအပ္တာေပါ႔။ ၿပီးရင္ေတာ့ သဘက္ေလးနဲ႔ဆံပင္ေတြကို အုပ္ထားေပးၿပီး မိနစ္ ၃၀ ေလာက္ထားထားေပးလိုက္ပါ။ ၿပီးမွ ေခါင္းေလ ွ်ာ္ေပးတာမ်ိဳးကို လုပ္မယ္ဆိုရင္ ဆံသားေတြကိုေပ်ာ့ေပ်ာင္းလာေစမွာပဲျဖစ္ပါတယ္။ တစ္ပတ္ကိုတစ္ႀကိမ္ေတာ့ပံုမွန္လုပ္ေပးဖို႔လိုမယ္ေနာ္။

ၾကက္ဥ

ၾကက္ဥမွာပရိုတင္းဓာတ္ေတြပါဝင္ေနတာဆိုေတာ့ ဆံသားေတြကိုေျခာက္ေသြ႔ျခင္းကင္းၿပီး ေပ်ာ့ေပ်ာင္းေစဖို႔အမ်ားႀကီး ကူညီေပးႏိုင္ပါတယ္။ နည္းလမ္းကေတာ့ ၾကက္ဥအကာကိုပဲေရြးယူၿပီး ေရေႏြးေႏြးေလး အနည္းငယ္နဲ႔ ေရာၿပီးေတာ့ ေမႊေပးလိုက္ပါ။ ၿပီးရင္ ဆံသားအႏွံ႔လိမ္းေပးၿပီး နာရီဝက္ေလာက္ထားထားေပးလိုက္ေပါ႔။ အခ်ိန္ျပည့္သြားတဲ့အခါမွာ ေခါင္းျပန္ေလ ွ်ာ္ေပးလိုက္မယ္ဆိုရင္ ေပ်ာ့ေပ်ာင္းတဲ့ဆံသားေတြကိုေတာ့ ပိုင္ဆိုင္ေနရမွာပါ။ ေခါင္းေလ ွ်ာ္မယ့္အခ်ိန္တိုင္းမွာ လုပ္ေပးလို႔ရတဲ့ နည္းလမ္းေကာင္းေလးေပါ႔။

ငွက္ေပ်ာသီး

Banamas

ငွက္ေပ်ာသီးကလည္း ဆံသားေျခာက္ေသြ႔တာေတြကို ေျဖရွင္းေပးႏိုင္မယ့္ အေကာင္းဆံုးအသီးအႏွံလို႔ဆိုလို႔ရပါတယ္။ ငွက္ေပ်ာသီးတစ္လံုးကိုေသခ်ာေခ်ေပးၿပီး ရလာတဲ့အႏွစ္ေတြကို ဆံသားေတြမွာေသခ်ာလိမ္းေပးၿပီး နာရီဝက္ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္သြားမွ ေခါင္းကိုေသခ်ာေျပာင္ေအာင္ ေလ ွ်ာ္ေပးလိုက္မယ္ဆိုရင္ ဆံသားအတြက္လိုအပ္ေနတဲ့ အာဟာရဓာတ္ေတြျပည့္ဝသြားၿပီး ဆံသားေျခာက္ေသြ႔တာမ်ိဳးေတြ ကိုေလ်ာ့နည္းသြားေစမွာေပါ႔။ ဒီနည္းလမ္းကလည္း တစ္ပတ္ကိုတစ္ႀကိမ္ေလာက္ ပံုမွန္လုပ္ေပးဖို႔ လိုပါတယ္ေနာ္။

တကယ္လို႔ ေျခာက္ေသြ႔ၾကမ္းတမ္းတဲ့ ဆံသားေတြကိုပိုင္ဆိုင္ထားရၿပီဆိုရင္ စိတ္ညစ္မေနပဲ ဒီလိုအိမ္တြင္းနည္းလမ္းေလးေတြကို သံုးၿပီးေတာ့ေျဖရွင္းၾကည့္လိုက္မယ္ဆိုရင္ေတာ့ အခ်ိန္တိုအတြင္းမွာ ထိေရာက္မႈရွိၿပီး လွပတဲ့ဆံသားေလးေတြကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္ေနာ္။

[Unicode]

ဆံသားတွေကနူးညံ့ပြီး ပျော့ပျောင်းမှုရှိနေမှ Good Hair Day တွေကိုပိုင်ဆိုင်ရမှာပေါ့။ ဆံပင်တွေကိုသေချာထိန်းသိမ်းမှုတွေမလုပ်နေဘူးဆိုရင် ကြမ်းတမ်းခြောက်သွေ့ပြီး ဆိုးရွားတဲ့ဆံပင်တွေကိုပိုင်ဆိုင်နေရမှာပါပေါ့။ ဘယ်သူကမှတော့ ဆံသားတွေကိုပျက်စီးနေတာမျိုးကို မလိုချင်ကြဘူးလေ။

ဒီတော့ ခြောက်သွေ့တဲ့ဆံသားတွေကို ပိုင်ဆိုင်ရပြီဆိုရင်တော့ ပြန်လည်ပြင်ဆင်လို့ရမယ့်နည်းလမ်းကောင်းလေးတွေကို လိုက်လုပ်ကြည့်ဖို့တော့လိုပြီလေ။ ဒါမှလည်း လှပတဲ့ဆံသားလေးတွေနဲ့အတူ Good Hair Day ကိုဖြတ်သန်းနိုင်မှာပေါ့။

သံလွင်ဆီ

သံလွင်ဆီကအလှအပအတွက်ဆိုရင် အရမ်းကိုအသုံးဝင်ပြီး အကျိုးရှိစေတဲ့သဘာဝအဆီအနှစ်တစ်ခုလို့ ဆိုလို့လည်းရပါတယ်။ ခြောက်သွေ့နေတဲ့ဆံသားတွေအတွက် ပြန်ပြီးတော့ထိန်းသိမ်းချင်သူတွေအတွက် သံလွင်ဆီကိုအသုံးပြုလို့ရမယ့်နည်းလမ်းလေးကတော့ သံလွင်ဆီကိုအပူချိန်လေးပေးပြီး နွေးနွေးလေးဖြစ်နေအောင်လုပ်ပေးရပါမယ်။ ရလာတဲ့သံလွင်ဆီနွေးနွေးလေးကို ဆံသားအနှံလိမ်းပေးပြီး ဦးရေပြားကိုလည်းနှိပ်နယ်ပေးဖို့ လိုအပ်တာပေါ့။ ပြီးရင်တော့ သဘက်လေးနဲ့ဆံပင်တွေကို အုပ်ထားပေးပြီး မိနစ် ၃၀ လောက်ထားထားပေးလိုက်ပါ။ ပြီးမှ ခေါင်းလေ ျှာ်ပေးတာမျိုးကို လုပ်မယ်ဆိုရင် ဆံသားတွေကိုပျော့ပျောင်းလာစေမှာပဲဖြစ်ပါတယ်။ တစ်ပတ်ကိုတစ်ကြိမ်တော့ပုံမှန်လုပ်ပေးဖို့လိုမယ်နော်။

ကြက်ဥ

ကြက်ဥမှာပရိုတင်းဓာတ်တွေပါဝင်နေတာဆိုတော့ ဆံသားတွေကိုခြောက်သွေ့ခြင်းကင်းပြီး ပျော့ပျောင်းစေဖို့အများကြီး ကူညီပေးနိုင်ပါတယ်။ နည်းလမ်းကတော့ ကြက်ဥအကာကိုပဲရွေးယူပြီး ရေနွေးနွေးလေး အနည်းငယ်နဲ့ ရောပြီးတော့ မွှေပေးလိုက်ပါ။ ပြီးရင် ဆံသားအနှံ့လိမ်းပေးပြီး နာရီဝက်လောက်ထားထားပေးလိုက်ပေါ့။ အချိန်ပြည့်သွားတဲ့အခါမှာ ခေါင်းပြန်လေ ျှာ်ပေးလိုက်မယ်ဆိုရင် ပျော့ပျောင်းတဲ့ဆံသားတွေကိုတော့ ပိုင်ဆိုင်နေရမှာပါ။ ခေါင်းလေ ျှာ်မယ့်အချိန်တိုင်းမှာ လုပ်ပေးလို့ရတဲ့ နည်းလမ်းကောင်းလေးပေါ့။

ငှက်ပျောသီး

Banamas

ငှက်ပျောသီးကလည်း ဆံသားခြောက်သွေ့တာတွေကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးအသီးအနှံလို့ဆိုလို့ရပါတယ်။ ငှက်ပျောသီးတစ်လုံးကိုသေချာချေပေးပြီး ရလာတဲ့အနှစ်တွေကို ဆံသားတွေမှာသေချာလိမ်းပေးပြီး နာရီဝက်လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားမှ ခေါင်းကိုသေချာပြောင်အောင် လေ ျှာ်ပေးလိုက်မယ်ဆိုရင် ဆံသားအတွက်လိုအပ်နေတဲ့ အာဟာရဓာတ်တွေပြည့်ဝသွားပြီး ဆံသားခြောက်သွေ့တာမျိုးတွေ ကိုလျော့နည်းသွားစေမှာပေါ့။ ဒီနည်းလမ်းကလည်း တစ်ပတ်ကိုတစ်ကြိမ်လောက် ပုံမှန်လုပ်ပေးဖို့ လိုပါတယ်နော်။

တကယ်လို့ ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံသားတွေကိုပိုင်ဆိုင်ထားရပြီဆိုရင် စိတ်ညစ်မနေပဲ ဒီလိုအိမ်တွင်းနည်းလမ်းလေးတွေကို သုံးပြီးတော့ဖြေရှင်းကြည့်လိုက်မယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ ထိရောက်မှုရှိပြီး လှပတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်နော်။