ဆံပင်တွေ ကောက်တာ ဖြောင့်တာ ဆေးဆိုးတာတွေကြောင့် ဆံသားတွေခြောက်သွေ့ပြီး ကြွပ်ဆတ်လာရင် ပျက်စီးတာကနေကာကွယ်ဖို့ အိမ်မှာတင်အလွယ်လုပ်လို့ရတဲ့ ဒီနည်းတွေကို စမ်းကြည့်ပါ။ ခြောက်နေတဲ့ဆံပင်ကို သန်စွမ်းစေပြီး တောက်ပြောင်စေဖို့ ကူညီပေးနိုင်ပါတယ်။

Oils

အုန်းဆီ ၊ ဗာဒံဆီ ၊ ကြက်ဆူဆီ ၊ jojoba ဆီ ၊ ပြောင်းဆီ စတဲ့ ဆီတွေအားလုံးမှာ ဗီတာမင် E နဲ့ Antioxidants ကြွယ်ဝတာကြောင့် ပျက်စီးမှုကို ပြုပြင်ပေးပါတယ်။ အပူနည်းနည်းပေးထားတဲ့ဆီနဲ့ ဆံပင်ကို မိနစ်အနည်းငယ် ကြာအောင် ညင်သာစွာ နှိပ်နယ်ပေးပြီး ရေနွေးငွေ့လေးနဲ့ အုပ်ထားပေးပါ။ 30-45 မိနစ် သို့မဟုတ် တစ်ညလုံးထားပြီးရင် ခေါင်းလျှော်ပြီး ဆံပင်ကို ရေဆေးချလိုက်ပါ။

Hair Care Products

ဆံကေသာအမျိုးအစားအလိုက်ထုတ်ထားတဲ့ အရည်အသွေးမြင့်တဲ့ Hair Care Products များကို သုံးပေးပါ။ ခေါင်းလျှော်တဲ့အခါ Sulfate-Free Shampoo နဲ့ Conditioners ကိုသုံးပြီး တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ခေါင်းလျှော်ပေးပါ။

Beer

ဘီယာမှာ ပရိုတင်းဓာတ်ပါဝင်တာကြောင့် ဆံကေသာကို ချောမွေ့တောက်ပြောင်စေပြီး ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဆံပင်ကို ပုံမှန်အတိုင်း ခေါင်းလျှော်ပြီးရင် ဘီယာကို Leave In Conditioner အနေနဲ့ ဖြန်းပေးပါ။

ကြက်ဥ နဲ့ Mayonnaise

ကြက်ဥ နဲ့ Mayonnaise တွေမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်တာကြောင့် ဆံကေသာကို သန်မာစေကာ အစိုဓာတ်ကို ပြန်လည်ရရှိစေပါတယ်။ ကြက်ဥအကာကို ရေကြက်သီးနွေး ထမင်းစားဇွန်း ၂ ဇွန်းနဲ့ ရောပြီး ဆံပင်နဲ့ ဦးရေပြားကို လိမ်းပေးပါ။စက်ဝိုင်းပုံစံနှိပ်ပြီးရင် ဆံပင်ကိုရေအေးနဲ့ဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

Yogurt And Oil Mask

ဒိန်ချဉ်နဲ့ အဆီက ဆံသားခြောက်သွေ့မှုအတွက် ထိရောက်တဲ့ နည်းတစ်ခုပါ။ ဒိန်ချဉ် ခွက်တစ်ဝက်စာထဲကို
သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ Essential Oil ထည့် မွှေပြီး ဆံသားပေါ် လိမ်းပေးပါ။ ပလပ်စတစ် သို့မဟုတ် Shower Cap နဲ့ ဖုံးအုပ်ပြီး 15 မိနစ် 20 မိနစ် လောက်ထားပေးပါ။ ပြီးမှ ဆံပင်ကို ရေနွေးနွေးလေးနဲ့ သေချာဆေးပေးပါ။