တံတောင်ဆစ်တွေမဲတာ ဒူးခေါင်းတွေညိုတာက မိန်းကလေးတော်တော်များများ ကြုံနေရတဲ့ပြဿနာပါ။ အသားညိုတဲ့သူတွေဟာ တံတောင်ဆစ်နဲ့ ဒူးတွေညိုတာ ပိုဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီပြဿနာကိုဖြေရှင်းဖို့ သဘာဝကုထုံးတွေ အများကြီးရှိပါတယ်။

Baking Soda

Baking Soda ၃ ဇွန်း ၄ ဇွန်းကို ရေရောပြီး ပြစ်ပြစ်လေးဖြစ်အောင်ဖျော်ပြီးရင် ဒူးနဲ့တံတောင်ဆစ်တွေမှာ လိမ်းပေးပါ။ မိနစ်နည်းနည်းကြာအောင် ပွတ်ပြီးရင် နောက်ထပ် 15 မိနစ်ကနေ 20 မိနစ်လောက် ထားပေးပါ။
ပြီးမှ ရေအေးနဲ့ဆေးပေးပါ။

Lemon Juice With Sugar And Honey

သံပုရာသီး ၁ လုံးကို အရည်ညှစ်ပြီးရင် သကြား 1 ဇွန်း ၊ ပျားရည် 1 ဇွန်းတို့ရောပြီး‌ မွှေပေးပါ။ ပြီးရင် ဒူးနဲ့တံတောင်ဆစ်ကို လိမ်းပေးပါ။ အရေပြားပေါ်မှာ မိနစ် 20 လောက်ထားပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။

Turmeric

နနွင်းမှုန့် ၂ ဇွန်း ကို ရေနဲ့ဖျော်ပြီး သံပုရာသီး နည်းနည်းလောက်ညှစ်ထည့်ပါ။ ဒူးနဲ့တံတောင်ဆစ်ကို လိမ်းပေးပါ။ 15 မိနစ် မှ 20 မိနစ်ခန့် အခြောက်ခံထားပြီးမှ ရေနဲ့ဆေးချပါ။

Aloe Vera

လက်လက်ဆတ်ဆတ်ခြစ်ထားတဲ့ ရှားစောင်းလက်ပတ်ဂျယ် ၁-၂ ဇွန်းကို ဒူးနဲ့တံတောင်ဆစ်မှာ လိမ်းပေးပါ။ မိနစ် 20 မှ 30 လောက်ထားပြီး ရေနဲ့ဆေးချလိုက်ပါ။

Olive Oil And Sugar

သကြားဖြူ သို့မဟုတ် အညိုရောင် စားပွဲတင်ဇွန်း ၁ ဇွန်းကို အအေးခံထားတဲ့ သံလွင်ဆီ ၁ ဇွန်း ရောပြီး မွှေပေးပါ။ ပြီးရင် ဒူးနဲ့တံတောင်ဆစ်ကို လိမ်းပေးပါ။ မိနစ်နည်းနည်းကြာအောင် ပွတ်ပြီးရင် မိနစ် 30 လောက် ထားလိုက်ပါ။ ဆေးတဲ့အခါ ဆပ်ပြာအပျော့စားကို သုံးပေးပါ။ ပြီရင် သေချာခြောက်အောင် သုတ်ပေးပါ။

Coconut Oil

အုန်းဆီ ၁-၂ ဇွန်းကို ဒူးနဲ့တံဆောင်ဆစ်ကိုလိမ်းပြီး ဖြည်းဖြည်းချင်းပွတ်ပေးပါ။ ရေမဆေးခင် အနည်းဆုံး မိနစ် 30 လောက်ထားပေးပါ။ ဒါကို တစ်နေ့ တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။ အုန်းဆီအစား ဗီတာမင် E၊ ဗာဒံဆီ စတာတွေလည်း သုံးလို့ရပါတယ်။

Apple Cider Vinegar

ပန်းသီးရှာလကာရည် အစိမ်းတစ်ဇွန်းကို ပျားရည်နှစ်ဇွန်းနဲ့ ရောမွှေပြီး သင့်တံတောင်ဆစ်နဲ့ ဒူးတွေမှာ လိမ်းပေးပါ။ မိနစ် 20 30 လောက်ထားပြီး ရိုးရိုးရေနဲ့ ဆေးချလိုက်ပါ။