အင်္ကျီဂျိုင်းပြတ်လေးတွေ ဝတ်ချင်ပေမယ့် ဂျိုင်းလေးတွေမဲနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလိုခံစားနေရပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို မှန်မှန်ပြုလုပ်ပေးလိုက်ပါ။ ဂျိုင်းကြားအသားအရေလေး သိသိသာသာဖြူဝင်းလာတာကို တွေ့မြင်ရမှာပါ။

နည်းလမ်း ၁

ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းလေးနဲ့ ခြစ်ထုတ်လိုက်ပြီး ဂျိုင်းကြားထဲကို သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာမှ ရေဆေးချလိုက်ပါ။ ရှားစောင်းလက်ပတ်ပင်က ရှားစောင်းဂျယ်မဟုတ်ဘဲ အသင့်လုပ်ထားပြီးသား ရှားစောင်းလက်ပတ်ဂျယ်အသုံးပြုလည်းရပါတယ်။ ဒီနည်းလမ်းလေးကို တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးပါ။

နည်းလမ်း ၂

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ပျားရည်ကတော့ မထည့်လည်းရပါတယ်) တို့ကို ရောပြီး အနှစ်လေးတွေဖြစ်အောင် နယ်ပေးလိုက်ပါ။ ပြီးရင် ထိုအနှစ်တွေကို ဂျိုင်းကြားအသားအရေမှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ် ၂ ကြိမ် ပြုလုပ်ပေးပါ။

နည်းလမ်း ၃

သံပုယိုသီးတစ်လုံးကို အဝိုင်းထူထူလေးလှီးပြီး ဂျိုင်းကြားမှာ ၂ မိနစ် (သို့) ၃ မိနစ်ခန့် ပွတ်ပေးလိုက်ပါ။ ပြီးတဲ့အခါ သံပုယိုရည်များ အသားထဲစိမ့်ဝင်သွားအောင်လို့ ၁၀ မိနစ်ထားထားပါ။ ၁၀ မိနစ်ပြည့်မှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် ၃ ကြိမ် (သို့) ၄ ကြိမ် ပြုလုပ်ပေးပါ။

နည်းလမ်း ၄

သခွားသီးကို အဝိုင်းထူထူလေးလှီးပြီး ဂျိုင်းကြားမှာ တစ်မိနစ် (သို့) ၂ မိနစ်ခန့် ပွတ်ပေးပါ။ သခွားသီးအရည်များ အသားထဲစိမ့်ဝင်ဖို့အတွက် ၁၀ မိနစ်ခန့် စောင့်ပြီးမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ နေ့တိုင်းပြုလုပ်ပေးပါ။

နည်းလမ်း ၅

အာလူးတစ်လုံးကို အတုံးသေးသေးလေးတုံးပြီး သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို အဝတ်စသန့်သန့်တစ်ခုထဲထည့်ပြီး ညှစ်လိုက်ကာ အရည်စစ်ထုတ်လိုက်ပါ။ ထိုအရည်ကို ဂျိုင်းကြားမှာ သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ် (သို့) ၁၅ မိနစ်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ရက် နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်း ၅ ခုထဲက ကြိုက်နှစ်သက်ရာတစ်ခုခုအသုံးပြုပြီးတဲ့အခါမှာတော့ ဂျိုင်းကြားအသားအရေလေးဖြူဝင်းပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးလာမှာ အသေအချာပါပဲ။

Source: Stylecraze.com