မျက်ကွင်းညိုတာက ပျိုမေတို့ကြားမှာ အတွေ့ရများတဲ့ လက္ခဏာတစ်ခုပါ။ သင့်ပတ်ဝန်းကျင် အနီးအနားကို စူးစမ်းကြည့်မယ်ဆိုရင်လည်း မျက်ကွင်းညိုတတ်သူတွေကို လက်တစ်ကမ်းမှာ တွေ့နိုင်မှာပါ။ သင်ကိုယ်တိုင်လည်း မျက်ကွင်းညိုတတ်သူတွေထဲ ပါဝင်နိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မျက်ကွင်းညိုတတ်တဲ့ သူတွေအတွက် အိမ်မှာပဲ လုပ်နိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပါရစေ။ ဒီနည်းလမ်းတွေကို လုပ်ပေးမယ်ဆိုရင်တော့ သင့်မျက်ကွင်းညိုတာ သက်သာပြီး နဂိုထက် ပိုတောက်ပလာပါလိမ့်မယ်။

၁။ ထောပတ်သီး နည်းလမ်း

Photo source: Cosmetics Design Europe

ဒီနည်းလမ်းအတွက် ထောပတ်သီး အနည်းငယ်နဲ့ Almond Oil ကိုပဲ လိုအပ်ပါတယ်။ ဒီနှစ်မျိုးကို ရောမွှေပြီးနောက် သင့်မျက်လုံးအောက်မှာ ပုတ်ပြီး လိမ်းပေးရပါမယ်။ ငါး မိနစ် ထားပေးရပါမယ်။ ငါးမိနစ် ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချနိုင်ပါတယ်။

၂။ အာလူး

Photo Source: Indiamarks

အာလူးတွေက အစွန်းချွတ်တဲ့ အာနိသင်ကို ပိုင်ဆိုင်ထားတဲ့ အစားအစာ တစ်မျိုးပါ။ ဒါကြောင့် အာလူးကို သင့်မျက်လုံးအောက် ကပ်ပေးတာက နည်းလမ်းကောင်း တစ်ခုပါပဲ။ လူအများစုက ဒီအားလူး နည်းလမ်းကို သခွားသီး ကပ်တာထက် ပိုသဘောကျကြပါတယ်။

၃။ Almond Oil

Photo Source: A.Vogel

ဒီနည်းလမ်းကတော့ အရိုးရှင်းဆုံးပါပဲ။ Almond Oil အနည်းငယ်ကို သင့်မျက်လုံးအောက်မှာ မနက်ရော ညနေအချိန်မှာပါ လိမ်းပေးရပါမယ်။ မျက်ကွင်းညိုတာ သိသိသာသာ သက်သာမှ ဒီဆီလိမ်းတာကို ရပ်ပစ်နိုင်ပါတယ်။ သက်သာပြီးနောက်လည်း အရင်လို မျက်ကွင်းပြန်မညိုလာဖို့ ပုံမှန်လိမ်းသွားနိုင်ပါတယ်။

By MyStyle Myanmar