ဆံပင်ကောက်ထားသူတွေက ကောက်သားလိမ်း Cream လိမ်းပေးဖို့ လိုပါတယ်။ ဒီလိုပုံမှန်လိမ်းပေးမှ ကောက်သားကို ထိန်းပေးပြီး ကြာရှည်ခံမှာပါ။ သင်က ကောက်သားထိန်း Cream မဝယ်ချင်ဘူးဆိုရင် အခုပြောပြတဲ့ နည်းလမ်းအတိုင်း ဆံပင်ကို ပုံမှန် ပေါင်းတင်ပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေက ကိုယ့်ဆီမှာ ရှိတဲ့ ပစ္စည်းတွေချည်းပဲ ဖြစ်တာမို့ သင့်အတွက် လွယ်ကူစေမှာပါ။

Curly Mask အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

၁။ ငှက်ပျောသီးအနှစ်

Photo Source: Tarla Dalal

ငှက်ပျောသီးအနှစ်က ဆံပင်ကျွတ်ဆပ်တာကို သက်သာစေပါတယ်။ ဦးရေပြားကို အစိုဓာတ်ပေးပြီး ဆံပင်ပိုရှည်စေပါတယ်။ ဆံသား ခိုင်မာစေပါတယ်။

၂။ ပျော့ဆေး (Conditioner)

ပြီးနောက် ငှက်ပျောသီး အနှစ်ထဲကို ပေါင်းဆေး ထည့်ပေးရပါမယ်။

၃။ သံလွင်ဆီ

ဒီအရောထဲကို သံလွင်ဆီ တစ်ဇွန်းထည့်ပေးရပါမယ်။ သံလွင်ဆီက ဦးရေပြားထဲထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆံပင်အလွှာထဲက အစိုဓာတ်နဲ့ အာဟာရကို စုပ်ယူပေးပြီး ဆံသားကောက်စေပါတယ်။

၄။ ကြက်ဥအနှစ်

ကြက်ဥအနှစ်က ဆံပင်ကောက်သားကို ထိန်းသိမ်းပေးပြီး တုံတုံအိအိလေး ဖြစ်စေပါတယ်။

ဒီအရော လေးမျိုးကို သေချာရောမွှေပေးရပါမယ်။ ရောပြီးနောက် ဆံသားပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၂ နာရီ ထားပေးရပါမယ်။

၂ နာရီ ထားပြီးနောက် ခေါင်းလျှော်ပေးရပါမယ်။ ခေါင်းလျှော်ရည်ကို နှစ်ကြိမ်သုံးပြီး နှစ်ခါစာ ခေါင်းလျှော်ရပါမယ်။ ကြက်ဥအနှစ်၊ ငှက်ပျောသီး အဖက်တွေ ကပ်မနေဖို့ ခေါင်းဖြီးနဲ့ ဖယ်ပေးရပါမယ်။

ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ခါ ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar