အိမ်ထဲမှာအပင်လေးတွေ အလှဆင်ရတာကို ဝါသနာပါသူများအတွက် Indoor Home Decoration Ideas တွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်အိမ်ထဲမှာ ဘယ်လိုနေရာချရမလဲ၊ ဘယ်လိုပုံစံလေး Decoration ပြင်ရမလဲဆိုတာကို စဉ်းစားရခက်နေတဲ့သူတွေအတွက်လည်း ဒီပုံလေးတွေက အသုံးဝင်မယ်လို့ ထင်ပါတယ်။

နေရာကျဉ်းတဲ့အိမ်တွေမှာဆိုရင် နံရံမှာ ဒီလိုစင်လေးတွေလုပ်ပြီး အလှဆင်လို့ရပါတယ်။ အိမ်ထဲမှာထားမယ်၊ အလှဆင်မယ်ဆိုရင် အပင်သေးသေးလေးတွေ၊ ပန်းအိုးသေးသေးလေးတွေက ပိုချစ်ဖို့ကောင်းပြီး ကြည့်လို့လည်း ပိုလှပါတယ်။

နေရာကျဉ်းပေမယ့် ကိုယ့်အပင်လေးတွေက များတယ်ဆိုရင် ဝရံတာနားလေးမှာပဲဖြစ်ဖြစ်၊ ထောင့်လေးမှာပဲဖြစ်ဖြစ် ဒီလိုလေးပြင်ဆင်ကြည့်ပါ။ နေရာလည်းအရမ်းမယူပဲ လှနေမှာပါ။

အပင်ကလည်းနည်းတယ်ဆိုရင်တော့ ထောင့်လေးတစ်နေရာမှာ ဒီလိုစင်လေးရိုက်ပြီး တင်ထားကြည့်ပါ။ တကယ်ကိုရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

နံရံကပ်ပြီးအလှဆင်ချင်တယ်၊ အပင်သေးသေးပိစိလေးတွေမဟုတ်ပဲ ကြည့်လိုက်တာနဲ့ ထင်းနေတာမျိုးလေး လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုအပင်လေးတွေနဲ့ စင်လေးတွေရိုက်ပြီး အလှဆင်ကြည့်ပါ။ နေရာလည်း အရမ်းမယူတဲ့အပြင် ကြည့်ရတာလည်း မျက်စိအေးစေပါတယ်။

နေရာလည်းမရှိဘူး၊ အများကြီးလည်းမပြင်နိုင်ဘူးဆိုရင် ဒီလိုလေးသာပြင်ကြည့်ပါ။ ပိစိလေးတွေနဲ့ ရိုးရှင်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေ ပိုသဘောကျမယ့်ပုံစံလေးပါ။

အိမ်ကနေရာကျယ်တယ်၊ အပင်တွေကိုလည်း သေးသေးပိစိလေးတွေ မထားချင်ဘူးဆိုရင်တော့ ဒီလိုမျိုးလေး သေချာပြင်ဆင်ကြည့်ပါ။ စိတ်အပန်းဖြေဖို့အတွက် နေရာကောင်းလေးတောင် ဖြစ်သွားစေပါတယ်။

အိမ်ကနေရာကျယ်ပေမယ့် အပင်အများကြီးတော့ မထားချင်ဘူး Decoration ကိုလည်း ဆန်းတာမျိုးလေးလုပ်ချင်တယ်ဆိုရင် ဒီ Decoration လေးကိုသာ ရွေးချယ်ပါ။

နံရံမှာစင်ကပ်ရိုက်တာမျိုးမလုပ်ချင်ရင်တော့ အပင်လည်းများတယ်ဆိုရင် ဒီလိုစင်နဲ့ထားကြည့်ပါ။ တစ်မျိုးလေးချစ်ဖို့ကောင်းစေတဲ့ Decoration မျိုးပါပဲ။

ဒီ Decoration အပြင်အဆင်လေးဆိုရင် ထောင့်လေးမှာလုပ်ထားတဲ့အတွက် တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ အိမ်ရှေ့မှာမဟုတ်ပဲ မီးဖိုချောင်မှာလုပ်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်။

နံရံကပ်စင်လေးမှာ အပင်လေးတွေတင်ပြီး ပုံလေးတွေ၊ ပန်းချီလေးတွေ၊ ဓာတ်ပုံလေးတွေကို ကြားမှာထားပြီးတော့ အလှဆင်ရင်လည်း အရမ်းလှပါတယ်။

ဒီအပြင်ဆင်လေးကတော့ ကိုယ်တိုင်လုပ်လို့ရမယ့် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး အိုင်ဒီယာလေးဖြစ်မှာပါ။ စင်ကိုကိုယ်တိုင်ပဲရိုက်ပြီး ကိုယ်ထားချင်တဲ့ အပင်အိုးလေးတွေ တင်ထားလိုက်ရုံပါပဲ။

photo source:www.pinterest.com